ကလေး-လူကြီး-အသက်-ကျား-မ မသိရသူများ

Unknown man or woman # 1

ဆရာရေ ကလေးအကြီး ၁ နှစ်နဲ့ ၃လ နောက်ကလေးယူချင်တယ် ရပါသလား 

အသက် မသိ ရာသီ မသိ။ မေးနည်းစည်းကမ်း ပို့လိုက်တယ်။

Unknown woman # 2

ဆရာ မင်္ဂလာပါရှင့် သမီးမေးစရာရှိလို့ပါ

မေးနည်းစည်းကမ်း ပို့လိုက်တယ်။

ဒီကနေမေးလို့ရလားရှင့် 

မေးနည်း ပို့ထားပြီး 

အသက်က ၁၉နှစ်ပါ မ ပါ ဝမ်းသွားတာ ကြာပြီရှင့် ထမင်းလဲမစားနိုင်ဘူးသိပ်ပြီး လူလဲအရမ်းပိန်သွားတယ် လမ်းနည်းနည်းလျှောက်တာနဲ့မောတယ် အဲ့တာဘာဖြစ်တာလဲရှင့်

Diarrhea ဝမ်းပျက်ခြင်း https://doctortintswe.blogspot.com/2018/03/diarrhea.html

နာတာရှည်ဝမ်းပျက်ခြင်းက တမျိုးရှိသေးတယ်။

Unknown man # 3

မင်္ဂလာပါ ဆရာခင်ဗျ မေးစရာလေး ရှိလို့ပါဆရာ ကျွန်တော် တကိုယ်လုံး ဘာကြောင့်မှန်းမသိ ယားနေလို့ပါဆရာ ကုပ်ရင်လည်း အပိန့်တွေ ဖြစ်လာတယ်ဆရာ ပြီးတော့ အသားရောင်က အနီပြင်တွေ ဖြစ်တယ်ဆရာ တကိုယ်လုံး မနေနိုင်အောင်ယားပါတယ် ဆရာ ကျွန်တော်ထင်တာ allergic ဖြစ်တာများလားဆရာ မနေနိုင်အောက်ကို ယားတာပါဆရာ။ ဘာဆေးများ သောက်ရမလဲ လမ်းညွှန်ပေးပါဦး ဆရာခင်ဗျာ ကျေးဇူးတင်ပါတယ်

အသက် မသိ။ ဒါပေမဲ့ အဖြေလင့် ပို့ပါတယ်။ တစ် ၂ လုံးကို ပြင်လိုက်တယ်။ ဆောရီး။

Hives အင်ပျဉ် https://doctortintswe.blogspot.com/2018/09/hives.html

Unknown man and woman # 4

ဆရာ မင်္ဂလာပါ ခင်ဗျ ကျနော် အိမ်ထောင်ကျတာ ၂နှစ် ကျော်ပါပီ(ပါပြီ) ခင်ဗျ အိမ်ထောင်သက် ၂နှစ်ကျော်အတွင်း ကလေး မရသေးလို့ အကြံဉာဏ်လေး ပေး ပေးပါ ဆရာ ခင်ဗျ

ကျား-မ အသက်တွေ မသိ။ အမျိုးသမီး ရာသီ မသိ။ မေးနည်းပို့လိုက်တယ်။ အသက် အချက်အလက်တွေ မပြောလိုလည်း ဘလော့မှာ ဖတ်နိုင်တယ်။

Unknown man # 5

ဘီပိုးစီပိုးအကြောင်းမေးလို့ရလာဆရာ

ကလေး-လူကြီး-အသက်-ကျား- မသိရ။

အသဲရောင် ဘီ နဲ့ စီ စာတွေ ခဏခဏ (ခဏခဏ) တင်ထားတယ်။ မေးနည်းပါ ဘလော့မှာလည်း ဖတ်နိုင်တယ်။

Unknown man # 6

တစ် ၃ လုံး ပြင်လိုက်တယ်

ဆရာခင်ဗျာ ကျွန်တော့ ညာဘက် လက်သန်းကြွယ် အဖျားစွန်းဘက် လက်ဆစ်လေးက သွေးအလျှောက်သလို ထုံနေတာ တရက်ကျော်လောက်ကြာနေပါတယ် ခင်ဗျာ့ တချို့က လေဖြတ်တတ်တယ် လို့ပြောနေကြလို့ အန္တရာယ် ရှိနိုင်လား သိချင်လို့ပါ ဆရာခင်ဗျာ ကျွန်တော့အဖေ ကိုယ်တိုင်လည်း အဲ့လို သွေးမလျှောက်တာကနေ ခြေမလေးတဆစ်က ပုပ်သလိုဖြစ်ပြီး နောက်ဆုံးဖြတ်လိုက်ရလို့ပါ ဆရာခင်ဗျာ့

အသက် မသိ။ မပြောလည်းရ။ မေးနည်းပါ ဘလော့မှာ ဖတ်နိုင်။ တစ် ၃ လုံး ပြင်လိုက်တယ်။ ဆောရီး။

Unknown woman # 7

မင်္ဂလာပါ ဆရာ

မေးနည်းစည်းကမ်း ပို့လိုက်တယ်။

ဆရာ ကျွန်မဆေးစားတာ တစ်နှစ်(တနှစ်)ကျော်စားပါတယ် အိမ်ထောင်သက်တမ်းက သုံးနစ်ကျော်ခဲ့ပါပြီ ကလေးရနိုင်အောင်ဘာဆေးစားရမှာလည်းလမ်းညွန်ပြပါအုံး

မေးနည်း ပို့ပြီး။ အသက် ရာသီ မပြောလိုသူအတွက် ဘလော့လင့် ပေးထား။

ဒေါက်တာတင့်ဆွေ

၃၁-၁၀-၂၀၁၈

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ