Blog Statistics ဆန်းစစ်ချက် ကိန်းဂဏန်းများ

မေးကြလွန်းလို့၊ တင်ပေးပါဆိုလို့ စသဖြင့်ရေးတာတွေကို ခဏခဏတွေ့ပါတယ်။ လူကြိုက်များတယ်လို့ ကြွားကြတာလားတော့ မသိ။ 

ကျွန်တော်ဆေးပညာစာတွေ ရေးတာ ၁၅-၂၀ နှစ်လောက်ရှိပြီ။ မေးတာတွေကိုဖြေရတာလည်း ၁၅-၂၀ နှစ်ကြာပြီ။

မေးခွန်းလာတာတွေက နှစ်ကာလအရ ပြောင်းတယ်။

ကန်တော့။ စာစောပိုင်းနှစ်တွေမှာ မျိုးပွားလမ်းအကြောင်းတွေ အများကြီးမေးကြတယ်။ 

ကိုယ်ဝန်တားနည်းအစုံ ဖြေရတယ်။

ကိုယ်ဝန်အကြောင်း၊ မွေးဖွားခြင်းအကြောင်း အကုန်ဖြေရတယ်။

လိင်ကတဆင့်ကူးစက်ရောဂါတွေ အစုံမေးကြတယ်။

နာတာရှည်ရောဂါတွေလည်း အမျိုးစုံ။

ကူးစက်ရောဂါမှန်သမျှ အကုန်။

ထိခိုက်ဒဏ်ရာတွေလည်း အရေပြားကနေ အရိုးထိ။

ကင်ဆာ ကကြီးကနေ အ အထိ။

ကိုဗစ်တုန်းကဆို ၂၄ နာရီဖြေနေခဲ့ရတယ်။

နောက်ပိုင်းမှာ ကျန်းမာရေးမေးတာတွေ နည်းလာပါတယ်။ ကောင်းတယ်။

- ဘလော့မှာ ရှာဖတ်နိုင်ကြလို့၊

- တခြားဆရာဝန်တွေကလည်း ရေးတာတွေလည်း ရှိလာလို့ (ကောင်းတယ်)နဲ့

- နေကောင်းနေကြလို့။ အကောင်းဆုံး။

- ကျွန်တော့အမည်နဲ့ ဘလော့အတုတွေကနေလည်း အမေးအဖြေလုပ်နေကြတာကို သူများတွေက ပြောမှ သိရတယ်။ ရီပို့တွေ အကြိမ်ကြိမ်လုပ်ခဲ့ရတယ်။ မကောင်းပါ။

စစ်တပ်က တတိယအကြိမ်အာဏာသိမ်းတော့ ကျန်းမာရေး မေးတာတွေ နည်းခဲ့တာ သိသာတယ်။ အသက်လုပြေးရှောင်နေကြတော့ ကိုယ့်ရောဂါကို ဂရုမစိုက်နိုင်လို့။ မကောင်းပါ။

အခု ဘလော့ကို ဆန်းစစ်ကြည့်ပါတယ်။ အဖတ်များခေါင်းစဉ်တွေ သိလာရတယ်။ 

1. Uterine Fibroid (1) သားအိမ်အလုံး (၁) 111

2. BPH ဆီးကျိတ်ကြီးခြင်း 49

3. Invasive ductal carcinoma ပြန့်နိုင်သော နို့ပြွန်ကင်ဆာ 23

4. HIV/AIDS Myths and Facts (အိတ်ချ်အိုင်ဗွီ-အေအိုင်ဒီအက်စ်) အထင်မှား နဲ့ အမှန်တရား 17

5. HIV ဆိုတာ ဘာလဲ 15

6. Hives အင်ပြင်ထွက်ခြင်း 15

7. HIV Tests (1) စမ်းသပ်နည်းများ (၁) 15

8. Allergic skin အရေပြား အလာဂျီ 13

9. Food poisoning အစာဆိပ်သင့်ခြင်း 13

10. Djenkol bean တညင်းသီး နှင့် ကျန်းမာရေး 11

11. Lung Cancer (1) အဆုပ် ကင်ဆာ (၁) 10

12. Rheumatoid factor ရူမတွိုက် ဖက်တာ လေးဘက်နာ 9

13. ငါးကို င လို့သာရေးတယ် 9

14. Gastritis အစာအိမ်ရောင်ခြင်း 9

15. HIV survival outside the body ခန္ဓာကိုယ်အပြင်မှာ HIV ဘယ်လောက်ကြာရှင်သလဲ 8

16. Ringworm ပွေး 8

17. ငါး ကို င နဲ့သာရေးရတာ များတယ် 8

18. င ငပုဏ္ဏား ဟင်းချက်စား 8

19. ထပ်တရာ 8

20. အို ငကြင်းတွေဆန် ငတန်တွေ သောင်ရေစီးမှာလ 7

တခါစစ်တခါ စာရင်းသစ် ထွက်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ