Chicken Wings ကြက်တောင်ပံ

Chicken wing recipes you’ll want to eat all the time

သတင်းကတော့ ကနေ့ထွက်တဲ့ CNN နဲ့ ပုံကလည်း ယူအက်စ်အေက ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်က မြန်မာပြည်ကသတင်းကို အခြေခံပြီး ရေးထားတာရှိတယ်။

အမျိုးသမီးတို့အတွက် ထိတ်လန့်ဖွယ် ကြက်တောင်ပံဆိုတဲ့သတိပေးစာ မကြာမကြာဖတ်ရပါတယ်။ ကြက်တွေကို ကြီးထွားမှု ပုံမှန်ထက်ပိုစေအောင် Steroids စတီရွိုက်ဆေးထိုးကြပါတယ်။ စတီရွိုက်ဆိုတာ ဟော်မုန်းတမျိုးဖြစ်တယ်။ စတီရွိုက်တွေကိုယ်ထဲရောက်ရင် ကိုယ်ထဲမှာရှိနေတဲ့ ဟော်မုန်းတွေ အချိုးအဆ မမှန်ဖြစ်စေမယ်။ အထူးသဖြင့် အမျိုးသမီးဟော်မုန်း ပိုကဲလာနိုင်တယ်။ ယောက်ျားတွေမှာလည်း မ-ဟော်မုန်းရှိနေတာပါ။

အင်တာနက်မှာ အဲလိုသတိပေးတာတွေက တဦးချင်းကနေ သူ့အသိမှာဘာဖြစ်တယ်လို့ ရေးကြတာတွေပါ။ ထိုင်းနိုင်ငံမှာ ကြက်ဖင်စီဘူးစားလို့ ယောက်ျားတွေ ရင်သားထွက်တယ်လို့လည်း ပြောကြတယ်။ စတီရွိုက်ကြောင့် ကိုယ်အလေးချိန် တိုးနိုင်ပါတယ်။

ယူအက်စ်၊ ကနေဒါနဲ့ ဥရောပမှာ ကြက်၊ ဘဲ၊ ဝက်၊ ကြက်ဆင်တွေကို စတီရွိုက်မထိုးဘို့တားမြစ်ထားပါတယ်။ ကြက်ခြံတိုင်းမှာတော့ မထိုးလောက်ပါ။ အများထင်ကြသလို စတီရွိုက်ထိုးအုံးတော့ ကြက်တောင်ပံမှာလာစုတယ်ဆိုတာ မမှန်ပါ။ တောင်ပံကို ဆေးထိုးပေမဲ့ အဲဒီနေရာမှာသာစုနေမယ်ဆိုတာလည်း မမှန်ပါ။ လူတွေဆေးထိုးတာမျိုးလို တကိုယ်လုံးကို ရောက်သွားပါတယ်။

သတိပေးတာတွေက မ-ဟော်မုန်းများသူတွေမှာ သားအိမ်အကျိတ်၊ မျိုးဥအိမ်အကျိတ်ဖြစ်နိုင်ခြေ ပိုများစေတယ်လို့ ဆိုပါတယ်။ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာအထိတော့ သတိပေးတာမရှိပါ။ တခြားဖြစ်နိုင်ခြေရောဂါတွေကိုလည်း သုတေသနတွေ မပြည့်စုံသေးပါ။

လူမှုရေးကွန်ရက်တွေမှာ ကျန်းမာရေးသတိပေးချက်တွေ ခဏခဏတွေ့ရပါတယ်။ သတိပေးတာတော့ ကောင်းပါတယ်။ ဖတ်ကြည့်ရင် အချက်အလက်မစုံပါ။ ဘာကြောင့် ဘာဖြစ်မယ်ပြောတာလည်း မရေရာပါ။ HIV ပိုးပါတဲ့ဆေးထိုးအပ်ကို ရုပ်ရှင်ရုံထဲထောင်တားတဲ့သတင်း၊ အိန္ဒိယမှာ Frooti အချိုရည်မှာ HIV ပိုးပါတယ်ဆိုတဲ့သတင်း စတာတွေတွေ့လို့ ရှင်းလင်းရေးခဲ့ရပါသေးတယ်။ သတင်းမှားတွေသာဖြစ်ပါတယ်။ မေ့ဆေးပါတဲ့ဆပ်ပြာတုံးများဆိုတဲ့ သတိပေးစာ တွေ့ပါသေးတယ်။ မေ့ဆးအမျိုးအစားနဲ့ ဆေးဝါးနာမည်မပါလို့ အဆိုးအကောင်း ပြောမရပါလို့ ရေးလိုက်ရပါသေးတယ်။ သတင်းမှားသာဖြစ်ပါတယ်။

မီဒီယာသမားတွေနဲ့ မီဒီယာအတုတွေကနေ လူတွေကိုဖြဲခြောက်ပြီး စာဖတ်သူများအောင်လုပ်တာ မသင့်လျှော်ပါခင်ဗျား။

ကျွန်တော်တို့တိုင်းပြည်မှာ စားစရာတွေ၊ ဖတ်စရာတွေအားလုံးကို သန့်ရှင်း၊ တည့်မှန်၊ ကောင်းမွန်စေအောင် ကြိုးစားကြရပါမယ်။

မြနမာစာကိုတောင် ဟောမုန်းဆေး ထိုးထားကြတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ