Cockroach Diseases ပိုးဟပ် နဲ့ ရောဂါများ

ဆရာရေ ကျွန်တော်က ဂျပန်မှာနေပါတယ်။ တိုကျိုကပိုးဟပ်တွေကနာမည်ကြီးသလို့ အရမ်းများပါတယ်ဆရာ။ အခုလည်း နေနေတဲ့အခန်းမှာ ပိုးဟပ်တွေကအဆမတန်များနေပါတယ်တယ်။ သန့်အောင်ထားလည်းမရပါဘူး။ ရေကြိုက်တယ်ဆိုလို့ ဘေဆင်မှာတောင် ရေဆေးပြီးရင် ပြန်သုတ်ပါတယ်။ ပိုးဟပ်ဖြန်းဆေးဖိုးနဲ့တင်ထောင်းလှပါပြီ။ အကြီးကြီးတွေလည်းမဟုတ် သေးသေးလေးတွေ အများကြီးပါ။ ကြာရင်သူတို့မသေပဲ ကိုယ်ရင်ကြပ်ချောင်းဆိုးပါဖြစ်တော့မယ်ဆရာ။ ဆေးဖြန်း သေနေတဲ့နေရာတွေကအစကြမ်းတိုက်ပါတယ်။ အရက်ပျံပါတာရော ပိုးမွှားသန့်စင်တဲ့ဟာတွေရောပါတဲ့ ကြမ်းတိုက် wet tissue တွေနဲ့ကိုတိုက်တာပါ။ စားကြွင်းစားကျန်ကအစ ဘာမှမထားအမှိုက်တောင အကြာကြီးဖြစ်မှာဆိုးလို့ ၂ နာရီအပြင်မထားရဲပါဆရာ။ အိပ်နေရင်းနားထဲတေဝင်မှာလည်းအရမ်းစိုးရိမ်ပါတယ်ဆရာ။ အိပ်ကောင်းချင်းမအိပ်ရ စားကောင်းခြင်း မစားရတာပါပဲဆရာတိုကျိုပိုးဟပ်အကြောင်းကြားဖူးနေလို့ ရောက်တည်းကပြင်ဆင်ပြီးမှ တက်နေတာပါဆရာ။ အခုတော့ ဒုက္ခကိုလှလှကြီးတွေ့နေရပါတယ်။ ကူညီနိုင်မယ့်နည်းလမ်းလေးရှိရင်ပြောပြပေးပါဆရာရယ်။

မဖြေခငမေးခွန်းကို ပို့စ်မှာသုံးမှာဖြစ်လို့ (တွေ) လို့ရေးရမှာ (တေ) လို့သာရေးတာမှန်သမျှကို ပြင်လိုက်ပါတယ်။ စုစုပေါင်း (၇) လုံးပိုးဟပ်လိုပဲ များတယ်။ Smile!

မှာ ပိုးဟပ်ဖြစ်လာတာ နှစ်သန်းပေါင်း ၂၉၅-၄၅၄ ရှိပေမဲသူတိုအသွင်သဏ္ဌာန်က ပြောင်းသွားတယ်လိုမရှိဘူးမျောက်လိုကနေ လူဖြစ်လာတယ်။ ပိုးဟပ်အမျိုးအစား များတယ်။ သြစတေးလျမျိုးကcm ရှည်ပြီး၊ ၃ဝ grams လေးတယ်။ ၃ မီလီမီတာလောက်သာ ပရွက်ဆိတ်သာသာ ရှည်တဲ့ မြောက်အမေရိကန်မျိုးက အသေးဆုံး ဖြစ်တယ်။ အတောငအကားဆုံးက တောင်အမေရိကန်မျိုး ၇ လက္မ အထိ ရှိတယ်။ Hissing noise, Chirping noise လို အသံထွက်နိုင်တယ်။ အဆူညံဆုံးက Madagascar က ပိုးဟပ်တွေဘဲ။

သူတို့မှာ အဆုပ်မပါဘူး။ အမက တသက်မှာတခါသာ မိတ်လိုက်ပြီး၊ ၈ ဥအုတယ်။ ညမှာသာ လှုပ်ရှားကြတယ်။ ပူတာ စိုတာ ကြိုက်တယ်။ ခြောက်တဲ့နေရာကြိုက်တဲအကောင်လဲ ရှိပါတယ်။

ပိုးဟပ်တွေနဲဆက်စပ်နေတဲ့ရောဂခန့်မှန်းခြေ အမျိုးပေါင်း ၅ဝ လောက်ရှိနိုင်တယ်လိုTerminix International က ပိုးမွှားပညာရှငStoy Hedges က ပြောထားတယ်။ Auburn University က entomology လက်ထောက်ပါမောက္ခ Dr. Xing Ping Hu ပြောတာက ရောဂါတွေ သယ်ဆောင် ပေးနေတာ သေခြာတယ်။ ဗက်တီးရီးယား ၃၂ မျိုး (Salmonella, Staphylococcus, Streptococcus)၊ (ဖန်းဂတ်) လို ၁၇ မျိုး၊ (ပရိုတိုဇိုးဝါး) ၃ မျိုး၊ (ဗိုင်းရပ်စ်) ၂ မျိုးပါတယ်။ ရောဂါတွေက အဆိုးကြီးတွေတော့ မဟုတ်ပါ။ ကူးစက်ရင်တော့ မြန်တယ်။

ရောဂါတွေကတော့ Dysentery ဝမ်းကိုက်၊ Typhoid တိုက်ဖွိုက်၊ Poliomyelitis သူငယ်နာ-အကြောသေ၊ Diarrhea, Gastroenteritis အစာလမ်းရောင်-ဝမ်းပျက်၊ Food poisoning အစာဆိပ်သင့်၊ TB တီဘီ၊ Cholera ကာလဝမ်း၊ Leprosy အနာကြီး၊ Hepatitis အသဲရောင်၊ Bubonic plague အကျိတ်ပလိပ်၊ Urinary ဆီးလမ်းပိုးဝင်ခြင်း၊ Allergic (အလာဂျီ) နဲ့ Asthma ပန်းနာလူနာ ၅၀% က ဒီအကောင်နဲ့ မတည့်ဘူး

ခြင်တွေ မှက်တွေလိုတော့ ရောဂါပိုးတွေကို သူတို့ကနေ တိုက်ရိုက် သယ်ပို့ပြီး လူတွေကို ကူးစက်စေတာတော့ မဟုတ်ပါ။ ဒီအကောင်တွေက ညစ်ပတ်တဲ့၊ မသန့်တဲ့နေရာတွေလဲ လျှောက်သွားနေတာမို့ သူတို့ကိုယ်မှာ မလိုလားအပ်တာတွေ ပေကျံနေတယ်။ အစားအသောက်တွေကို ပိုးဟပ်ရဲ့ သွားရည်၊ မစင်တွေကနေ မသန့်တာတွေ ကူးစက်ပေလာစေတယ်။

ပိုးဟပ်ကို လူတွေ မကြိုက်ကြ၊ မခံနိုင်ကြတာက Smell ဆိုးဝါးလွန်းတဲ့အနံ့ ဖြစ်မယ်။ ဆိုးတဲ့ အနံ့က သူတို့ရဲ့ Antenna နှာမောင်းလို နေရာက လာတာပါ။

ပိုးဟပ်တွေက အသက်ပြင်းတယ်။ သက်တမ်း ၁ နှစ်သာရှိပေမဲ့ ရေမသောက်ဘဲ ၂ ပါတ်၊ စားစရာမရှိဘဲ ၁-၃ လအထိ ရှင်နိုင်တယ်။ ခေါင်းပြတ် သွားတာတောင် ၁ ပါတ်ကြာ အသက်ရှင်နေနိုင်တယ်။ ဓါတ်ရောင်ခြည်ကို အတော်ခံနိုင်တယ်။ အနုမြူစစ်ပွဲဖြစ်ရင် လူတွေသေပြီး၊ ဒီအကောင်တွေ ကျန်နေမယ်တဲ့။ Fruit fly တွေလောက်တော့ မခံနိုင်ပါ။

နှိန်နင်းနည်းများ

၁။ Flash light လက်နှိပ်မီးနဲ့ရှာဖွေပါ။ Vacuum လေစုပ်စက်သုံးပါ။

၂။ Cockroach Glue Strips ထောင်ချောက်သုံးပါ။

၃။ Cockroach Caulk Gaps ထောင်ချောက်သုံးပါ။

၄။ Cockroach Gel Bait ထောင်ချောက်သုံးပါ။

၅။ Boric Acid Powder ဘာရစ်အက်စစ် ပေါင်ဒါသုံးပါ။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ