Don't Listen ဆုံးမခံရခြင်း

(စ) မသိလို့ပေါ့ ဆရာရယ် cmt လည်း ပြန်ဖျက်ပေးလိုက်ပါပြီ မေးနည်းလေးကိုcover photo တင်ထားရင် ပိုကောင်းမယ်ထင်တယ် အဲ့ဒါမှလည်း ဆရာ့ acc ဝင်ကြည့်တဲ့လူ အလွယ်တကူသိနိုင်တာပေါ့ ဆရာက ကြီးကျယ်လွန်းတယ်ထင်တယ် ဆရာဝန်ဆိုတာ လူနာတွေ အတွက် စေတနာထားပေးရမယ်လို့ ထင်တယ် ဆရာပို့ထားတာ စာတွေအများကြီး အဲ့စာတွေရေးဖို့ ဆရာ့အတွက်အချိန်တော်တော် ကုန်သွားမှာပဲ အဲ့လို ကုန်မဲ့အစား ဆရာဝန်တစ်ယောက်(တယောက်)အနေနဲ့ မေးတဲ့မေးခွန်းကို ပြန်ဖြေ ပေးလိုက်တာက နှစ်ဦးနှစ်ဖက် အကျိုးရှိမယ်ထင်ပါတယ် စေတနာဆိုတာ ထားတတ်ရတယ် ပြီးတော့မှ နောက်ခါ မေးခွန်းမေးချင်ရင် ဒီလို မေးပါဆိုပြီး ပို့သင့်တယ် နှစ်ယောက်လုံးစိတ်ချမ်းသာဖို့ ပြောရတာပါ အခုဟာက ဆရာလည်း ဒေါသထွက်ရတယ် ဆရာဒီလို စာတွေ ပို့လို့လည်း ကျွန်မ ဒေါသထွက်ရတယ် အကုသိုလ် ဖြစ်တာပဲ အဖတ်တင်တယ် စိတ်ဓါတ်ကလေး နည်းနည်း ပြင်ရင် လူတွေ အားလုံး စိတ်ချမ်းသာရတာပေါ့ ပြောလည်း အကောင်း မြင်မယ် မထင်ပါဘူး ဆရာလုပ်တယ် ထင်မှာပဲ လူတွေကို အကောင်း မမြင်တတ်ပဲ ကြီးကျယ်တဲ့ ဗီဇက ရှိနေတော့လည်း အဆိုးပဲ မြင်မှာပဲ တော်ပါပြီ မေးမိတာကို တောင်းပန်တယ် စိတ်ချမ်းသာပါစေ (ဆုံး)

အဲလို ခဏခဏဆုံးမခံရတယ်။

မေးနည်းအတွက် နည်းပေါင်းစုံလှပြီ။ အကြံတွေပေးသမျှ လိုက်လုပ်ဘူးတယ်။ ပရိုဖိုင်းမှာ တင်တယ်။ လူပုံနေရာမှာ တင်တယ်။ ဘက်ဂရောင်းမှာ တင်တယ်။ နေ့တိုင်း တင်တယ်။ အကြိမ်ကြိမ်အခါအခါ တင်တယ်။

သတ်ပုံစာရေးရင် ဆုံးမခံရတယ်။ 

မေးနည်းပြောရင် ဆုံးမခံရတယ်။ 

သတ်ပုံနှင့် မေးနည်းသည် တူ၏။

နိုင်ငံရေးရေးရင် ဆဲတယ်။

ဆေးခြောက်စာရေးရင် ဆဲခံရတယ်။

နိုင်ငံရေးနှင့် ဆေးခြာက် တူ၏။သည်

အဲတာတွေ ဆက်ရေးနေသော ကျွန်ုပ်သည်ကား စေတနာနည်းသော၊ စိတ်ဓါတ်ကိုမပြင်သော၊ ဆိုဆုံးမ၍မရသော သူသာ ဖြစ်ပါသတည်း။

ဒေါက်တာတင့်ဆွေ

၂၂-၁၀-၂၀၁၉

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ