Health Myths ကျန်းမာရေး အယူအဆအမှားများ

၁။ အုန်းနို့ဟာ သွေးတိုးစေတယ်လို့ ပြောနေကြလို့ပါ။

အဲလိုပြောတဲ့သူတွေက သွေးတိုးအထူးကုဆရာဝန်တွေပါလား။

ဒီလိုပါပဲ၊ အစဉ်အဆက်သယ်ဆောင်လာခဲ့ကြတဲ့ စကားတွေပါ။ ငါးသလောက်စားရင် အကြောတက္မည်။ ငါးပြေမသည် တက်စာ အစရှိသဖြင့်။

၂။ ဆရာမင်္ဂလာပါရှင့် အရိုးကြောအဆစ်ဆရာ၀န်ဆိုပြီး ဆေးခန်းဖွင့်ထားတာပါရှင့် ဒီလိုဘွဲ့တကယ်ရှိပါသလား မမြင်ဖူးလို့ပါရှင့် အသိမိတ်ဆွေတွေလည်း ဒူးနာခါးနာဆေးသွားထိုးနေကြတာတွေ့ရလို့ပါရှင့် ဒူးနာရင်ဒူးထဲထိုးပေးတယ်ရှင့် ခါးနာရင်ခါးထိုးပါတယ်

ပို့ပေးတဲ့ ဆရာဝန်ဆိုင်းဘုတ်ကို မထည့်တော့ပါ။ ဟိုမီယိုပက်သစ် လို့ ဖတ်ရတယ်။ ဟိုမီယိုပသီဆေးပညာက ထိုးဆေး မသုံးပါ။  ရောထွေးလုပ်နေကြသူတွေ ရှိတယ်။

ခါးနာလို့ ခါးကိုဆေးထိုးတာမှာ ဆရာတို့လို ဆေးပညာဘွဲ့ရဆရာဝန်တွေကတော့ စတီရွိုက် ဆေး ထိုးပါတယ်။ ဒါပေမဲ့ လိုမှသာ ဖြစ်တဲ့ အဆစ်ထဲထိုးတယ်။ ဆေးထိုးပြီး ချက်ချင်းသက်သာမယ်။ ဆေးအစွမ်းကုန်တော့ ပြန်နာတယ်။

ဟိုခေတ်က ကြားဘူးတယ်။ အရပ်ဆေးဆရာတွေ့ ပခုံးနာရင် ပခုံးကို ဆေးထိုးပေးသတဲ့။ စတီရွိုက် ဆေးတော့ မဟုတ်။ ဆေးက ဈေးကြီးတယ်။ နောက်တမျိုးခက်တာက လူနာတချို့ကလည်း အဲလိုလုပ်မှ ဟုတ်တယ်ထင်ကြတယ်။ ကင်ဆာကုသတာကိုလည်း ဖေ့စ်ဘွတ်ကွန်မင့်ကို အားကိုးနေသူတွေ မနည်းပါ။ 

ပါပီ ဖစ် တေ မာ ညမ ကျယ်မ က စတဲ့ သတ်ပုံပျက်တွေကို ကင်ဆာနေရာတွေမှာ အများဆုံးတွေ့ရတယ်။

နေမကောင်းတာ ငှက်သိုက်နဲ့ အသက်ဆက်နေရတယ်လို့ ပို့စ်တင်တယ်။ မှားနေမှန်း မသိသူက သူ့ဓါတ်ပုံနဲ့ တင်တယ်။

1. Boiling Bottled Water ရေသန့်ကို ကျိုချက်ခြင်း https://dr-tint-swe.blogspot.com/2021/05/boiling-bottled-water.html

2. Bottled Purified Water ရေသန့် ရေနွေးကြမ်း https://www.mcf.org.mm/myanmar-unicode-converter/

3. Bottled Water Questions ရေပုလင်း မေးခွန်းများ https://dr-tint-swe.blogspot.com/2021/05/bottled-water-questions.html

4. Bottled Water ရေသန့်ကို ရန်ရှာသူများတယ် https://dr-tint-swe.blogspot.com/2021/06/bottled-water.html

5. Cancer and Sugar Myth ကင်ဆာ နှင့် သကြား အထင်မှား https://dr-tint-swe.blogspot.com/2021/06/cancer-and-sugar.html

6. Coronavirus Fake Medicines အဲတာတွေမမှန်ပါ မှားတယ် https://dr-tint-swe.blogspot.com/2021/07/fake-medicines.html

7. Digestive Myths အစားအစာမှာ အထင်မှားနေတာတွေ https://dr-tint-swe.blogspot.com/2022/11/digestive-myths.html

8. Fake medicines and China ဆေးအတုနဲ့ တရုပ်ပြည် https://dr-tint-swe.blogspot.com/2020/12/fake-medicines-and-china.html

9. Fake Medicines come from Neighbors ဆေးအတုတွေ ဘယ်ကနေလာသလဲ https://dr-tint-swe.blogspot.com/2021/07/fake-medicines-come-from-neighbors.html

10. Fake Remedies (2) လက်တွေ့အသုံးချဘူးမှသာ သင့်မသင့် ကောင်းမကောင်း သိနိုင်သလား https://dr-tint-swe.blogspot.com/2022/12/fake-remedies-2.html

11. Food Myth ကိုဗစ်ကနေ ကင်ဆာအထိ https://dr-tint-swe.blogspot.com/2021/09/food-myth.html

12. Food Myths အစားအစာမှာ အထင်မှားနေတာတွေ https://dr-tint-swe.blogspot.com/2021/07/food-myths.html

13. Hair Cut Myth ဆံဖြတ်ခြင်း အယူအစွဲ https://dr-tint-swe.blogspot.com/2021/01/myth.html

14. HIV-AIDS Myths and Facts (အိတ်ချ်အိုင်ဗွီ-အေအိုင်ဒီအက်စ်) အထင်မှား နဲ့ အမှန်တရား https://dr-tint-swe.blogspot.com/2023/09/hivaids-myths-and-facts.html

15. Myth ကင်ဆာနဲ့ သကြား အယူအဆမှား https://dr-tint-swe.blogspot.com/2021/05/myth.html

16. Myth အယူအစွဲ ကင်းပါစေ https://dr-tint-swe.blogspot.com/2021/01/myth.html

17. Myths about menstrual cycle ရာသီလာခြင်း အရိုးစွဲအယူအဆများ https://dr-tint-swe.blogspot.com/2022/03/myths-about-menstrual-cycle.html

18. Myths of Pregnancy and Postpartum မီးတွင်းကျန်းမာရေး အယူအဆအမှားများ https://dr-tint-swe.blogspot.com/2021/08/myths-of-pregnancy-and-postpartum.html

19. Myths ဖြေရန် မရှိ https://dr-tint-swe.blogspot.com/2021/08/myths.html

20. Myths မဟုတ်တာတွေ ပြောကြရအောင် https://dr-tint-swe.blogspot.com/2021/08/myths_18.html

21. Old wives' tale မိန်းမကြီးများပုံပြင် https://dr-tint-swe.blogspot.com/2023/09/old-wives-tale.html

22. Papaya During Pregnancy သင်္ဘောသီးနဲ့ ကိုယ်ဝန် မေးခွန်း 

23. Pineapple and Pregnancy နာနတ်သီး ဖြီးဖြန်းရေးနေကြခြင်း https://dr-tint-swe.blogspot.com/2023/09/pineapple-and-pregnancy.html

24. Pregnancy Group လေဥ ဂရု https://dr-tint-swe.blogspot.com/2022/03/pregnancy-group.html

25. Pregnancy Myths ကိုယ်ဝန်ဆောင်အယူအဆ အလွဲအမှားများ https://dr-tint-swe.blogspot.com/2021/08/myths-of-pregnancy-and-postpartum.html

26. Sleep myths အိပ်စက်ခြင်း အယူအဆမှားများ https://dr-tint-swe.blogspot.com/2020/12/sleep-myths.html

27. Sleep myths အိပ်စက်ခြင်း အယူအဆမှားများ https://dr-tint-swe.blogspot.com/2020/12/sleep-myths.html

28. Soap Myths ဆပ်ပြာ အယူအဆအမှား https://dr-tint-swe.blogspot.com/2023/09/soap-myths.html

29. Water မဟုတ်တာဆို ပိုမေးကြတယ် https://dr-tint-swe.blogspot.com/2021/01/bottled-water.html

30. Water မှားသော ရေပညာပေးပို့စ် https://dr-tint-swe.blogspot.com/2021/05/water.html

31. ရေနွေးညသိပ် မြွေအဆိပ်တဲ့ https://dr-tint-swe.blogspot.com/2022/06/blog-post_225.html

လိမ်တဲ့သူလည်း ပေါတယ်။ ကျွန်တော့အမည်၊ ကျွန်တော့ဓါတ်ပုံနဲ့ ဆေးအတုကြော်ငြာကြတယ်။ ပေ့ချ် အတုတွေ ခဏခဏ တွေ့ရတယ်။ ဆေးခန်းအတုတွေမှာ လူစည်တယ်။ ဆေးနည်းအတုတွေ ရောင်းကောင်းတယ်။ ကိုဗစ်ကာလမှာ ပိုက်ဆံရကြတယ်။ ဆရာဝန်တွေက ဘယ်လိုပြောပြော လိမ်တာတွေကို မှတ်သားနာယူသူတွေလည်းရှိတာ သိပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ