McDonald's E. coli outbreak ကျန်းမာရေးသတင်းတွေ

မန္တလေးမှာ ဝမ်းပျက်ရောဂါကြောင့် သေဆုံးသူရှိလို့ တင်တာတခု ဖတ်ရတယ်။ ဟုတ် မဟုတ် မသိပါ။

ဟုတ်မှန်တယ်ဆိုရင် ဘယ်ရပ်ကွက်မှာ၊ ကလေး၊ လူကြီး၊ အသက်၊ ကျား-မ စတာတွေပါ ထည့်သင့်တယ်။ ဒါမှသာ ဆင်ခြင်သင့်သူတွေက ဆင်ခြင်နိုင်ကြပါမယ်။ တာဝန်ရှိသူတွေက အရေးယူဆောင်ရွက်နိုင်ကြပါမယ။်

ယူအက်စ်အေမှာတော့ ‘မက်ဒေါ်နယ်’ ကစားစရာမှာ ‘အီးကိုလိုင်’ ပိုးကြောင့် ၁ ယောက်သေဆုံးပြီး ၇၅ ယောက် ဆေးရုံတက်ရတယ်။ သတင်းက စစ်မှန်ပါတယ်။ ပြည်နယ် ၁၃ ခုမှာ ဖြစ်နေတယ်။ အမဲသားကနေဖြစ်တယ်။ အရေးယူဆောင်ရွက်နေကြတယ်။

ကျန်းမာရေးသတင်းတွေကို အပိုမပါ၊ လျှော့မရေးဘဲသာ တင်ရတယ်။

တခြားသတင်းတွေကိုလည်း ဖြဲမခြောက်သင့်။ မဟုတ်ဘဲ မဟုတ်ထင်စေအောင် မတင်သင့်ပါ။

မမှန်တာကို တင်သူ ထင်သူတွေဟာ မှန်တာကို မသိကြပါ။

ချဲ့ကားရေးလို့ အကျိုးမရှိစေပါ။

ကျန်းမာရေးသတင်းကို အေအိုင်နည်းနဲ့ မရေးသင့်ကြပါ။

တော်တည့်၊ စစ်မှန်၊ တကယ်ချောလှ၊ ကျန်းမာကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ