New stroke prevention guidelines released by American Stroke Association လေဖြတ်ခြင်း ကာကွယ်ရေး

ဆေးသုတေသနသတင်းကို ၂၁-၁၀-၂၀၂၄ နေ့က ထွက်ပါတယ်။ လေဖြတ်တာကို Stroke လို့ခေါ်တယ်။

လေဖြတ်ခြင်း ကာကွယ်ရေးမှာ -

၁။ ဘယ်လိုလူတွေ၊ အခြေအနေတွေက ဖြစ်စေသလဲကို သိထားရမယ်။

၂။ လိုအပ်သူတွေက လိုအပ်တဲ့ဆေးဝါးတွေကို လက်လှမ်းမီပြီး အတိအကျ သုံးစွဲရမယ်။

(က) သွေးတိုး၊

(ခ) ဆီးချိုနဲ့

(ဂ) ကိုလက်စထောများခြင်း။

၃။ တခြားလုပ်အပ်ချက်တွေကတော့ -

(က) ကိုယ်အလေးချိနထိန်းခြင်း၊

(ခ) ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း၊

(ဂ) အနေအထိုင် အနေအထားကို တသမတ်တည်းမှာ အချိန်ကြာကြာမနေခြင်း၊

(ဃ) အစားအသောက် အမြဲသတိထားပြီး စားသောက်ခြင်း၊ (မြေထဲပင်လယ်စာအမျိုးအစားက အကောင်းဆုံး)

(င) sleep apnea အအိပ်ပျက်ရောဂါရှိရင် ကုသခြင်းနဲ့

(စ) ဆေးလိပ်ဖြတ်ခြင်း။

သတင်းကောင်း

ဆေးသုတေသနတွေကြောင့် သွေးတိုး၊ ကိုလက်စထောနဲ့ ဆီးချိုအတွက် ပိုပြီးထိရောက်ကောင်းမွန်တဲ့ဆေးတွေ ရှိလာပြီ။

ဥပမာ glucagon-like peptide (GLP-1) receptor agonists ဆေးသစ်ဟာ ဆီးချိုအတွက်သာမက ကိုယ်အလေးချိန်ချရေးအတွက်ပါ ကောင်းတယ်။

PCSK9 inhibitors ဆေးကလည်း LDL (bad) cholesterol ကိုလက်စထောအတွက် ကောင်းတယ်။

ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း

အသင့်အတင့် ကိုယ်လက်လှုပ်ရှားမှုခြင်း ၁၅၀ မိနစ်။

ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း ၇၅ မိနစ်။

ကြာကြာငြိမ်မနေဘဲ လမ်းလျှောက်ခြင်း။

အမျိုးသမီးများ

အသက် ၄၀ ကျော်အမျိုးသမီးတွေ သွေးဆုံးချိန်စောရင် premature ovarian failure ရောဂါအတွက် ဆရာဝန်နဲ့ စစ်ဆေးပါ။

Dementia ခေါ် ဦးနှောက်ရောဂါကို ဖြစ်စေနိုင်တာနဲ့ ကာကွယ်နည်းတွေက အတူတူဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ