Stroke Patients လေဖြတ်ခြင်း ကာကွယ်ရေးစာ

Stroke Patients လေဖြတ်ခြင်း ကာကွယ်ရေးစာကို လွန်ခဲ့တဲ့ ၁ နာရီတိတိက တင်ပါတယ်။

ဖေ့စ်ဘွတ်ရိုးရိုးမှာ လိုက် ၃ ယောက်၊

ဖေ့စ်ဘွတ်စာမျက်နှာ တခုမှာ ၁ ယောက်။

နောက်ဖေ့စ်ဘွတ်စာမျက်နှာ တခုမှာတယောက်မှ မလုပ်ပါ။

တယ်လီဂရမ်မှာတော့ ၁၃ ယောက်ဖတ်တယ်။

ကျွန်တော်တင်တာတွေကို လိုက် လုပ်စေချင်လို့ ထောက်ပြတာ မဟုတ်ပါ။ 

ကျန်းမာရေးစာတွေကို ဆေးသုတေသနအခိုင်အမာနဲ့ တင်တာမျိုးကို ပိုပြီးဖတ်ကြစေချင်တယ်။ လိုက်နာကြစေချင်။ လေဖြတ်ရင် အသက်မသေလည်း ဒုက္ခိဖြစ်တယ်။ ဆောရီး။

ရေကို ဘယ်လိုချိုးပါ။ ရေကို ဘယ်လိုသောက်ပါ၊ ဟိုအသီး ဒီအရွက်တွေ မစားနဲ့၊ ဗမာဆေး၊ ကုလားဆေး၊ တရုပ်ဆေး အမှားတွေ။

ကျန်းမာရေးအကြောင်းအမှားတွေ၊ အချက်အလက်မမှန်တာတွေ၊ သတင်းအမှားတွေကိုတော့ တယောက်ပြီးတယောက်က ကူးတင်နေကြခြင်းဟာ မြန်မာပြည်သူပြည်သားတွေရဲ့ ကျန်းမာရေးကို ပိုမကောင်းစေတာသာမက ပိုဆိုးစေတယ်။

လူကြီးမင်းတို့ မကျန်းမာရင် လူမှုရေးလည်း လုပ်မရပါ။ နိုင်ငံရေးလည်း လုပ်မရပါ၊ တရားလည်း လုပ်မရပါခင်ဗျား။

အသိအမြင် အတွေးအခေါ်ပါ ကျန်းမာရပါမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ