Text neck syndrome ဖုန်းအသုံးများသူများ၏ လည်ပင်ရောဂါ

ဆရာရှင် Text Neck syndrome အကြောင်းဝေမျှပေးပါအုံးရှင်

“Texting Neck” “Desktop Neck” "tech neck" လို့လည်း ခေါ်တယ်။

လည်ပင်းမှာ စဉ်တိုက်ဆက်တိုက်ဒဏ်ရာရရာကနေ ဆက်ဖြစ်တယ်။ 

အနေအထားတမျိုးတည်းမှသာ အချိန်အကြီးကြီး အသုံးပြုလို့ ဖြစ်ရတယ်။

လည်ပင်းနဲ့ ပခုံးနေရာတွေမှာ နာမယ်။ တင်းနေမယ်။ ခေါင်းကိုက်မယ်။ လက်တွေမှာ ထုံကျဉ်မယ်။ မျက်စိညောင်းမယ်။ ခါးနာမယ်။

ကုသမှု၊ အနေအထားပြောင်းမှု မလုပ်ရင် ကြာတော့ လည်ပင်းအဆစ်ရောင်ဖြစ်နိုင်တယ်။ လည်ပင်းရိုးဆစ်ကျွံနိုင်တယ်။ လည်ပင်းရိုးဆစ်အတွင်းကပြွန်နေရာ ကျဉ်းမယ်။ သုံးဖန်များပျက်စီးခြင်း ဝင်လာနိုင်တယ်။ ခါးရိုးမကြီးပါ ထိခိုက်နိုင်တယ်။

ဘယ်လို ကာကွယ်မလဲ

ဖုန်း၊ တက်ဘလက်တို့ကို မျက်စိအနေအထားနဲ့ တန်းတဲ့နေရာမှာထားပြီး အသုံးပြုပါ။

၁၅ မိနစ်တခါ အသုံးပြုတာကို နားပါ။

နားချိန် အသိပေးစနစ် နာရီအလမ်း လုပ်ထားပါ။

ခါးနေရာ၊ လည်ပင်းနေရာ အထောက်အကူပစ္စည်း lumbar cushion or pillow အသုံးပြုပါ။

ဖုန်းအစား ဖြစ်နိုင်သမျှ လက်ပတော့၊ ကွန်ပြူတာကို သုံးပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Allergic skin အရေပြား အလာဂျီ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ