စေတနာမှာ ပညာမပါရင် ဒုက္ခပေးတယ်
လူကြီးမင်းရဲ့ ကွန်မင့်ကို ဆရာဝန်က ပြေပါဦးမယ်။ Ointment လို့ ရေးရတယ်။
ဗိုင်းရပ်စ် ခေါ် ပိုးလေးတွေကဖြစ်တာ အများအားဖြင့် အလိုလိုလည်းပျောက်တယ်။ မျက်စိအမြင်မှာပျောက်သွားပြီး ကိုယ်ထဲ ကျန်နေတာတွေလည်းရှိတယ်။
HIV တို့ HPV ခေါ် ကြွက်နို့တို့ကို ပျောက်သွားအောင်မလုပ်နိုင်သေးပါ။ HPV ဆိုရင် တချို့မှာ သားအိမ်ဝကင်ဆာ ဖြစ်နိုင်တယ်။
ဗိုင်းရပ်စ်ကပဲဖြစ်တဲ့ ဝက်သက်၊ ရေကျောက်၊ တုပ်ကွေးအမျိုးမျိုးက အလိုလိုလည်း ပျောက်တယ်။ ချစ်ကန်ဂူညာ ခေါ် ဆင်ဖြူတော်တုပ်ကွေးဒဏ် ခံနေရသူတွေက နေ့တိုင်းမေးနေကြတယ်။
ရေယုံ ၄ မျိုးလို့ဖြေထားတယ်။ နှုတ်ခမ်းနဲ့ လိင်လမ်းရေယုံက အတူနေသူကို ကူးစက်တယ်။
စေတနာမှာ ပညာမပါရင် သူများကို ဒုက္ခပေးတယ်။ ကိုယ့်တိုင်းလည်း ဒုက္ခရောက်တယ်။
ဒီလို မမှန်တဲ့ စာမျိုးကို တယောက်ပြီးတယောက်က ထပ်တင်ကြတယ်။ လူကြိုက်များရင် သတိသာထားပေတော့။
ဒေါက်တာတင့်ဆွေ
၁၁-၁၁-၂၀၁၉

Comments
Post a Comment