သုတေသနမရှိ ဖူးလ်စတော့မရှိ

ကျွန်တော် အိပ်ရေးပျက်တာအလုပ်ပင်ပန်းတာများတယ်ဆရာ ပင်ပန်းပြီး ကျွန်တော် မလန်းတာတို့ အိပ်ချင်တာတို့ ဖြစ်နေရင် ကျွန်တော် Brand ကြက်ပေါင်းရည် Scotch ငှက်သိုက်တို့သောက်ပါတယ်ဆရာ Brand ကြက်ပေါင်းကတော့ နေတိုင်းသောက်ပါတယ် Scotch ငှက်သိုက်ကတော့ တပတ် ကို ၃ ဗူး လောက်သောက်ပါတယ် ကျွန်တော်သိချင်တာက ကျွန်တော် ဒီလိုတွေသောက်နေရင် ကျန်းမာရေး ထိခိုက်နိုင်ပါသလား သိချင်ပါတယ်ဆရာ နောက်ထပ် သိချင်တာကဆရာ ငှက်သိုက်က အာနိသင် သိပ်မရှိဘူး မသောက်နဲ့ ဆိုပြီး ပြောကြတယ်ဆရာ ကျွန်တော်က အလုပ်ပင်ပန်းတာ များတော့ ဒီနှစ်မျိုးက ကျွန်တော်အတွက် အားကိုစရာ ဖြစ် နေတော့ ပုံမှန်တော့ မှီဝဲနေပါသေးတယ်ဆရာ ဆရာ မေးခွန်းမေးတာမှားခဲ့တာများရှိရင် ခွင့်လွှတ်ပါဆရာ

မေးတဲ့သူ အသက် မသိ။ သွေးတိုး မသိ။ ဆီးချို မသိ။ နှလုံးခုန်နှုန်း မသိ။

မေးခွန်းပါ ဆေးဆိုတဲ့ ကြော်ငြာဆေးတွေမှာ ဆေးသုတေသမနရှိ။ ခဏခဏမေးကြတယ်။ ခဏခဏဖြေတာကိုတင်ထားတယ်။ ခဏခဏအားနာရတယ်။ ရောင်းသူ သောက်သုံးသူ ကြားပွဲစားတွေ အားလုံးကို ကိုယ့်တိုင်းပြည်က။

ကလေးအားဆေး၊ အားဆေး၊ ကိုယ်ဝန်ဆောင်အားဆေး၊ အားဆေးအအမျိုးမျိုးစာကိုလည်း ခဏခဏတင်ထားတယ်။ 

ပို့တဲ့ပုံတွေ မထည့်ပါ။ သုတေသနမရှိပါပြောတဲ့ဆေးကို ဘယ်မှာဝယ်ရမလဲ ဘယ်လောက်ပေးရသလဲ ဘယ်လိုသောက်ရသလဲက အတော်မေးကြလွန်းလို့။

ဒေါ့ ခေါ် အစက်လေးတွေ ၂၅ ခုကို ဖျက်လိုက်တယ်။ မြန်မာစာမှာ ဖူးလ်စတော့ မရှိပါ။

မြန်မာလိုစာရေးသူတွေ အတော်များများက ပုဒ်ထီး၊ ပုဒ်မတွေကို မသုံးဘဲ ဖူးလ်စတော့တွေ သုံးကြတယ်။ ကွန်ပြူတာစနစ်မှာ ဖူးလ်စတော့ပြီးရင် ဝါကျဆုံးတယ်။ ဖူးလ်စတော့နောက်က တကွက်မခြာရင် နားလည်ရခက်တယ်။ 

၁-၂-၃-၄ အစား 1-2-3-4 လုပ်နေကြလည်း နားမလည်ပါ။

စနစ်ကို အတိအကျ မရေးလည်း နားလည်ရင်တော့ အဆင်ပြေပါတယ်။ ကျွန်တော်က မေးခွန်းကို ပြန်သုံးရတော့ အကုန်လိုက်ပြင်နေရတာ အလုပ်ကြီးတခု။

ဒေါက်တာတင့်ဆွေ

၁၁-၁၁-၂၀၁၉

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ