Cassava root ပီလောပီနံဥ
အင်္ဂလိပ်လိုတော့ Cassava root လို့ ခေါ်ပါသတဲ့။ အမည်ကွဲတွေလည်း ရှိတယ်။
ရခိုင်တောင်ပိုင်းမှာ ကပ္ပလီဥလို့ခေါ်ပါတယ်။
ပီလောပီနံပင် သို့မဟုတ် ကလောပင် သည် နှစ်ရှည်ခံ ချုံပုတ်ပင်အမျိုးအစားဖြစ်ပြီး ပင်စည်မှာ သစ်သားကဲ့သို့ မာကျော၍ အူတိုင်အခေါင်းပွသည့် Euphobiaceae မျိုးရင်းဝင်အပင် ဖြစ်သည်။ Cassava, Yucca, Manico စသည်ဖြင့် အမျိုးမျိုး ခေါ်ဆိုကြပြီး သိပ္ပံအမည်မှာ Manihot esculenta ဖြစ်သည်။ ရှေးယခင်က Hydrocyanic acid ပါဝင်၍ အဆိပ်ရှိသော သီးနှံအဖြစ် သတ်မှတ်ခဲ့ပြီး နောက်ပိုင်းတွင် တဖြည်းဖြည်း စားသုံးလာကြသည်။
ပုံအတွက် ကျေးဇူး။
အိမ်မှာတော့ ဒီမှာဝယ်လို့ရတဲ့ ဥအမျိုးမျိုးက ပြုတ်စားပါတယ်။ ကောင်းတယ်။
December Root Vegetables and Exotic Fruits Month https://dr-tint-swe.blogspot.com/2021/11/december-root-vegetables-and-exotic.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment