CBD Oil ဆေးဝါးသုံး ဆေးခြောက်အဆီ

အီးမေးလ်တခုရတယ်။ သူတို့ကုမ္ပဏီကထုတ်တဲ့ CBD oil ဆေးကို ကြော်ငြာတာဖြစ်ပါတယ်။ လင့်ကိုဖတ်ကြည့်ပါတယ်။ Cannabidiol လို့ခေါ်တဲ့ဆီ။ Cannabis ခေါ် Marijuana plant ဆေးခြောက်ပင်ထဲက Cannabis sativa ထဲမှာပါတဲ့ ဒြပ်ပေါင်း ၁၀၄ မျိုးထဲကတခုဖြစ်တယ်တဲ့။ 
အဲဒီ Tetrahydrocannabinol (THC) ဓါတ်ဟာ - 
1. နာတာကို သက်သာစေမယ်။
2. စိုးရိမ်စိတ်နဲ့ စိတ်ဓါတ်ကျတာ သက်သာစေနိုင်တယ်။
3. ကင်ဆာနဲ့ဆက်နေတဲ့ ခံစားရတာတွေကို သက်သာစေမယ်။
4. ဝက်ခြံကို သက်သာစေနိုင်လောက်တယ်။
5. အာရုံကြောဆိုင်ရာအကျိုးကျေးဇူးတွေ ရှိကောင်းရှိမယ်။
6. နှလုံးကျန်းမာရေး အကျိုးပေးနိုင်လောက်တယ်။
7. တခြားအကျိုးများရှိတယ်။
ဘေးထွက်သက်ရောက်မှု ၄၀ စာရင်းလည်းပါတယ်။ 
1. စိုးရိမ်စိတ်နဲ့ စိတ်ကျခြင်း။
2. စိတ်ရောဂါ။
3. ပျို့။
4. အန်။
5. အိပ်ချင်။
6. အာခေါင်ခြောက်။
7. ခေါင်းမူး။
8. ဝမ်းပျက်။
9. အစာစားလိုစိတ်ပြောင်း။
ခန္ဓာကိုယ်က endocannabinoids လို့ ခေါ်တဲ့ သဘာဝပစ္စည်းတွေရှိတယ။ အထူး receptors တွေနဲ့ ချိတ်ဆက်ပေးပြီး နာကျင်တဲ့ခံစားမှုတွေကို လျော့ချပေးတယ်။ CBD ဆီကလည်း အလားတူ receptors တွေနဲ့ အပြန်အလှန်တုံ့ပြန်ပြီး အလုပ်လုပ်တယ်။ 
တင်ထားတာတခု ဖတ်ရတယ်။ အရမ်း နာကျင်သူတွေ ဒီဆေးလေးကို ရှာပြီးသုံးကြည့်ကြပါ၊ ထိုင်းကဆေးပါ။ ထိုင်းမှာတော့ တရားဝင်သုံးပါသည်တဲ့။
Cannabidiol (CBD) oil လို့ ခေါ်တယ်။ marijuana plants ဆေးခြောက်ကနေ ထုတ်လုပ်တယ်။ တရားဝင် သုံးခွင့် နိုင်ငံအတော်များများ ပေးထားတယ်။ ဆေးစွဲသူတွေသုံးကြတဲ့ ဆေးခြောက်ထဲကရတဲ့ THC ဓါတ်လို high effect သတ္တိလည်း မရစေနိုင်။ စွဲစေမှာ မဟုတ်။ intoxication အဆိပ်သင့်သလိုလည်း မဖြစ်ပါ။ တရားဝင်ရောင်းတာဆိုရင် သုံးစွဲလို့ non-psychoactive စိတ်မူကိုလည်း ပြောင်းလဲစေမှာ မဟုတ်လို့ ဆိုပါတယ်။ ဆေးအစွမ်းက ကိုယ်ထဲမှာ ၈၅ နာရီအထိနေတယ်။ ၃ ရက်ခွဲ။ ကင်ဆာကြောင့်နာတာအပါအဝင် ဘာရောဂါကြောင့်နာနာ သုံးနိုင်တယ်။
CBD ဆီက နာကျင်မှုကို သက်သာစေပြီး စိတ်ကိုပြောင်းလဲစေတဲ့ အာနိသင်မရှိဘဲ ပြေလျော့စေတယ်။
ဆေးခြောက်ပင် Cannabis sativa မှာတွေ့ရှိရတဲ့ cannabinoids ၁၀၀ ကျော်ထဲက တခုဖြစ်သည်။
Tetrahydrocannabinol (THC) ဆိုတာ ဆေးခြောက်မှာတွေ့ရတဲ့ စိတ်တက်ကြွစေတဲ့ cannabinoid ဖြစ်တယ်။ THC နဲ့ မတူဘဲ CBD ကတော့ စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုမရှိပါ။
CBD ဆီကို အတက်ရောဂါအတွက်လည်း သုံးပါတယ်။
CBD Products May Help People with Epilepsy Better Tolerate Anti-Seizure Medications | Johns Hopkins
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ