December Root Vegetables and Exotic Fruits Month ဒီဇင်္ဘာ သစ်ဥသစ်ဖုလ

ဒီဇင်္ဘာလဟာ နိုင်ငံတကာမှာ Root Vegetables and Exotic Fruits Month အမြစ်ပါအသီးအနှံများနှင့် အရောင်အသွေးစုံ နှစ်သက်ဖွယ် အသီးများလဆိုပြီး သတ်မှတ်ထားပါတယ်။

Root vegetables ဆိုတာ သစ်ဥသစ်ဖုတွေကို ပြောတာပါ။ အမြစ်တွေထဲမှာ အစားအစာတွေ သိုလှောင်ထားတယ်။ ကာဗွန်ဟိုက်ဒရိတ်ဓါတ်တွေဖြစ်တယ်။ သကြားဓါတ်ပါဝင်တာမတူကြပါ။ Starch ကော်လိုဟာပါတယ်။ တချို့က စေးတယ်။ ရုက္ခဗေဒအလိုအရ True root အမြစ်အစစ်၊ Root-like stem အမြစ်နဲ့တူတဲ့ပင်စည်လို့ ခွဲထားတယ်။ Modified plant stem မွမ်းမံထားတာမျိုးလဲရှိသေးပါတယ်။ Shallot bulbs လိုလဲရှိတယ်။

ပိန်းဥ၊ အာတာလွတ်ဥ၊ ကန်စွန်းဥ၊ မုန်လာဥအဖြူ၊ မုန်လာဥအဝါ၊ မျောက်ဥ၊ ကြွေးဥ၊ ဂျင်း၊ ဂျင်းနု၊ ခါကြက်ဥ၊ စတဲ့ လူစားလို့ရတာတွေ အားလုံးဖြစ်ပါတယ်။ နယ်စပ်ဒေသ၊ တောင်ပေါ်ဒေသတွေမှာ ထူးဆန်းတာတွေရှိတယ်။ သကြားဓါတ်များတာတွေက ဆီးချိုသမားတွေနဲ့ မသင့်ပါ။

Eexotic fruits အရောင်အသွေးစုံနှစ်သက်ဖွယ်အသီးများ

1. Rambutan ကြက်မောက်သီး

2. Jackfruit ပိန္နဲသီး

3. Lychee လိုင်ချိစ်သီး

4. Star fruit စောင်းလျားသီး

5. Mangosteen မင်းဂွတ်သီး

6. Kumquats ကမ္ဗလာသီး

7. Durian ဒူးဒရင်းသီး၊

8. Dragon fruit နဂါးမောက်သီး၊

9. African cucumber အာဖရိကန်သခွါးသီး

ကိုယ့်တိုင်းပြည်၊ ကိုယ့်နေရာဒေသထွက်တွေလည်း ကောင်းပါတယ်။

ဒေါက်တာတင့်ဆွေ

၃၀-၁၁-၂၀၁၆

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ