Dry skin အရေပြားခြောက်နေရင်

၁။ ကျွန်မအသက် ၃၆ နှစ်ပါ။ အရေပြားခြောက်ပါတယ်ဆရာ။ နွေရောဆောင်းရော အမြဲခြောက်နေပါတယ်ဆရာ။ ဆောင်းဆို ပိုဆိုးပါတယ်ဆရာ။ အရေပြားက မြွေအရည်ခွင်လေးလိုလိုဖြစ်နေပါတယ်ဆရာ။ ဘာဆေးတွေ သောက်ရမလဲဆရာ။

မြွေအရေခွံလို့ ရေးရတယ်။

၂။ ဆောင်းတွင်းမှာ အသားအရေခြောက်လို့ မျက်နှာကို သံလွင်ဆီလိမ်းလို့ရပါသလားရှင့်။

၃။ ကျနော့် အရေပြားဟာ ခြေသလုံး၊ ပေါင်နဲ့ လက်တို့မှာ အရေပြားခြောက်ပြီး အဖတ်လေးတွေနဲ့ပက်ကြားအက်သလို အရေပြားဟာ ချောမွေ့စိုပြေခြင်းမရှိပါဘူး၊ မည်သို့လုပ်ဆောင်ရမည်ကို လမ်းညွန်ပေးပါခင်ဗျား။ (ပပ်ကြားလို့ ရေးကြတယ်။)

Dry skin အရေပြားခြောက်တာကို အကြောင်းတရားအမျိုးမျိုးကနေဖြစ်စေတယ်။ တခုတည်းမကကြောင့်ဖြစ်နိုင်တယ်။ အတွင်းနဲ့ အပြင်ဆိုပြီး ကွာသေးတယ်။ အပြင်အကြောင်းခံတွေက ပိုများတယ်။ ရာသီဥတုအေးတာနဲ့ ရေငွေ့ဓါတ် နည်းတာတွေကဖြစ်စေတယ်။ အတွင်းအကြောင်းခံတွေထဲမှာ အသက်ရလာလို့၊ မျိုးရိုး၊ ရောဂါတွေ (ပန်းနာ၊ အရေပြားနာ၊ လည်ပင်းကြီးဟော်မုန်းနည်း-များရောဂါ၊ ဆီးချို)။ ဆပ်ပြာ အပြင်းစားတွေနဲ့ တွဲဖြစ်တာတွေပါတယ်။ အရေပြား စိုအောင်လုပ်တဲ့ Moisturizers ကို အသုံးမတတ်လို့လည်း ဖြစ်နိုင်တယ်။ သွေးတိုးကျဆေး၊ ကိုလက်စထောကျဆေး၊ အလာဂျီဆေးနဲ့ ဝက်ခြံဆေးတွေကနေလည်း ဖြစ်နိုင်တယ်။ Eczema, Psoriasisယ Atopic dermatitis နှင်းကူစတဲ့ နာတာရှည်အရေပြားနာနဲ့ ခွဲခြားရမယ်။ အာဟာရနည်းတာလည်း ပါတယ်။

ဘာလုပ်ရမလဲ

• အကြောင်းခံဆေးဝါးတွေဆိုရင် ဆေးဖြတ်တာနဲ့ သက်သာလာမယ်။

• Emollient ဆေး နေ့စဉ်သုံးပါ။ Moisturizer စနစ်တကျသုံးပါ။ အပြော့စားတွေက Cetaphil lotion, Lubriderm lotion နဲ့ AmLactin 12% lotion ဆေးတွေ။ အပြင်းစားတွေက Vaseline နဲ့ Aquaphor တွေဖြစ်တယ်။

• အဲတာတွေနဲ့ မရသေးရင် (စတီရွိုက်) ပါတဲ့လိမ်းဆေးတွေသုံးနိုင်တယ်။ Hydrocortisone 1% cream (အပြော့စား), Pramosone 2.5% cream (အပြော့စား), Triamcinolone 0.1% cream (အလတ်စား), Clobetasol 0.05% cream (အပြင်းစား) တွေဖြစ်တယ်။ စတီရွိုက်စားဆေးက တာရှည်သုံးရင် အရေပြားကို ပါးစေတယ်။

• ယားတယ်ဆိုရင် Oral antihistamines (အင်တီဟစ်တမင်း) ဆေးတွေဖြစ်တဲ့ Diphenhydramine (Benadryl), hydroxyzine (Vistaril, Atarax), Loratidine (Claritin) နဲ့ Cetirizine (Zyrtec) တွေသောက်နိုင်တယ်။

• Vaseline တနေ့ ၂-၃ ကြိမ်လိမ်းပါ။

• Lukewarm showers ရေခပ်နွေးနွေးနဲ့ချိုးပါ။

• Mild soaps ဆပ်ပြာ အပြော့စားသုံးပါ။ ဥပမာ Dove soapless cleanser, Aveeno cleanser, Cetaphil cleanser တွေဖြစ်တယ်။

• အထူး Moisturizers တွေကို သုံးနိုင်တယ်။ (လက်တစ်အက်စစ်) ပါတဲ့ (Amlactin, Lac-Hydrin) နဲ့ ယူရီယာပါတဲ့ (Urix or Carmol) တွေဖြစ်တယ်။

• Mild moisturizers တွေမှာ ရေမွှေးမပါတာက ကောင်းတယ်။

• အစားအသောက်မှာ လုံလောက်မျှတအောင် စားသုံးရမယ်။

• Omega-3 နဲ့ ဗီတာမင် (အေ) ကောင်းတယ်။

103,800+ Dry Skin Stock Photos, Pictures & Royalty-Free Images - iStock | Dry skin face, Skin care, Skin

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ