Epidermal nevus ဆိုတာ

မဂ်လာပါ ဆရာရှင့် ကျမ သမီးလေးနားရွက် အနောက်(နောက်)နဲ့ နားထင်မှာ  အသက်(၈)နှစ်မှ ပေါ်လာတာပါရှင့်။ 

အရေပြားဆရာဝန်နှင့်ပြကြည့်တော့ epidermal nevus လို့ သတ်မှတ်ပါတယ်။လိမ်းဆေးနှင့် ထိန်းထားလို့ရတယ်ဆိုပြီး လိမ်းဆေးပေးလိုက်ပါတယ်ရှင့်။ ကျမသိချင်တာက epidermal nevus က ပွါးလားရှင့်။ မျက်နှာမှာဆိုတော့ စိတ်ပူလို့ပါ။ တခါမှအတွေ့အကြုံမရှိလို့ပါ။ ဘယ်လိုကုသလို့ရပါသလဲရှင့်။

Epidermal nevus ဆိုတာ ကင်ဆာမဟုတ်သော အရေပြားမှာဖြစ်တာတမျိုးဖြစ်တယ်။ အသက်ငယ်တုန်း တနှစ်အတွင်းမှာ ဖြစ်တာများတတယ်။

အမျိုးအစားတွေ များတယ်။ အရေပြားအထူးကုဆေးပညာအတွက်သာ သိရန်လိုတယ်။

Angora hair nevus

Linear sebaceous nevus

Jadassohn nevus phacomatosis

ထိရောက်တဲ့ကုသနည်းရယ်လို့တော့ မရှိပါ။ ဒီအတိုင်းထားနိုင်တယ်။ အရပ်ဆေးနည်းတွေကြောင့် ပိုဆိုးစေနိုင်တယ်။

ယူအက်စ်အေမှာ ဆရာဝန်လက်မှတ်နဲ့သာရောင်းချတဲ့ Topical calcipotriol (Dovonex®) လိမ်းဆေးရှိတယ်။

တချို့ကိုတော့ လေဆာနည်း၊ ခွဲစိတ်နည်းနဲ့ ကုသရတယ်။

စာရေးတာတွေ မှန်။ ကွန်ဂရက်ကျူလေးရှင်း။

နောက် နဲ့ အနောက် ကို မှားရေးနေသူတွေ များတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ