Global measles cases surged တကမ္ဘာလုံးမှာ ဝက်သက်ဖြစ်တာ ၂၀% များလာတယ်

ကလေးငယ်တွေမှာ အဖြစ်အများဆုံး။

ကာကွယ်ဆေးရှိလျက်နဲ့ အဲလိုများလာတာဟာ လက်မခံသင့်တဲ့အချက်ဖြစ်တယ်။

ကာကွယ်ဆေးထိုးသူဦးရေပြည့်မီခြင်းမရှိတာကြောင့် အဲလိုဖြစ်တယ်။ ကာကွယ်ဆေးကို ၂ ကြိမ်ထိုးရတယ်။ ပဌမတလုံးထိုးထားရင် ၉၃% ကာကွယ်နိုင်ပြီး၊ ဒုတိယတလုံးပါထိုးထားရင် ၉၇% ကာကွယ်မယ်။

ဝက်သက် ဗိုင်းရပ်စ် လွန်ခဲ့တဲ့ နှစ် ၅၀ ကတည်းက ၈၂ နိုင်ငံမှာ ကင်းရှင်းနေပြီ။ ဒါပေမဲ့ ကာကွယ်ဆေးလက်လှမ်းမမှီတာကြောင့် ဖြစ်သူဦးရေ များလာနေတယ်။ ကိုဗစ်ဖြစ်တော့ ကာကွယ်ဆေးလုပ်ငနးပါ ရပ်တန့်ခဲ့ရတယ်။

လူနေမှုအစုတိုင်းမှာ ၉၅% အထိ ကာကွယ်ဆေးထိုးထားသင့်တယ်။

၂၀၂၃ ခုနှစ်က တကမ္ဘာလုံးမှာ ကလေး ၈၃% သာ ထိုးထားရသေးတယ်။ ၇၄% တို့ ဒုတိယဆေးမထိုးရသေးပါ။ ကလေးပေါင်း ၂၂ သန်းရှိတယ်။

Child Immunization Chart ကလေးကာကွယ်ဆေးထိုးဇယား (အသက်အလိုက်)

ကလေးအသက် ကာကွယ်ဆေးအမည်

• မွေးစ BCG ဘီစီဂျီ တီဘီကာကွယ်ဆေး

• မွေးစ OPV ပိုလီယို (ပ)

• မွေးစ Hep B အသဲရောင် ဘီ (ပ)

• မွေးစ HPV သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (မထိုးမနေရမဟုတ်) (မိန်းကလေးများသာ)

• ၄ ပါတ် (၁ လ) Hep B အသဲရောင် ဘီ (ဒု)

• ၆ ပါတ် (၁ လခွဲ) DPT (ဆုံဆို့-ကြက်ညှာ-မေးခိုင်) ၁၆ ပါတ် (၁ လခွဲ) OPV ပိုလီယို (ဒု)

• ၆ ပါတ် (၁ လခွဲ) Haemophilus influenzae type B vaccine (HiB) (မထိုးမနေရမဟုတ်)

• ၆ ပါတ် (၁ လခွဲ) Pneumococcal (မထိုးမနေရမဟုတ်)

• ၁ဝ ပါတ် (၂ လခွဲ) DPT (ဆုံဆို့-ကြက်ညှာ-မေးခိုင်) (ဒု)

• ၁ဝ ပါတ် (၂ လခွဲ) OPV ပိုလီယို (တ)

• ၁ဝ ပါတ် (၂ လခွဲ) Pneumococcal နူမိုကော်ကယ် (မထိုးမနေရမဟုတ်)

• ၁ဝ ပါတ် (၂ လခွဲ) Haemophilus influenzae type B vaccine (HiB) (ဟေမိုဖီးလပ်စ်) (မထိုးမနေရမဟုတ်)

• ၁ဝ ပါတ် (၂ လခွဲ) Inactivited Polio Vaccine (IPV) ပိုလီယိုတမျိုး (မထိုးမနေရမဟုတ်)

• ၁၄ ပါတ် (၃ လခွဲ) DPT (ဆုံဆို့-ကြက်ညှာ-မေးခိုင်) (တ)

• ၁၄ ပါတ် (၃ လခွဲ) OPV ပိုလီယို (စတုတ္တ)

• ၁၄ ပါတ် (၃ လခွဲ) Pneumococcal (မထိုးမနေရမဟုတ်)

• ၁၄ ပါတ် (၃ လခွဲ) Haemophilus influenzae type B vaccine (HiB) (ဟေမိုဖီးလပ်စ်) (မထိုးမနေရမဟုတ်)

• ၁၄ ပါတ် (၃ လခွဲ) Inactivited Polio Vaccine (IPV) ပိုလီယိုတမျိုး (မထိုးမနေရမဟုတ်)

• ၁၈ ပါတ် (၄ လခွဲ) OPV ပိုလီယို (ပဥ္စမ)

• ၆ လ Hep B အသဲရောင် ဘီ (တ)

• ၆ လ Rotavirus (ရိုတာဗိုင်းရပ်စ်) ဝမ်းလျှောရောဂါ၊

• ၆ လ Influenza တုပ်ကွေး

• ၉ လ Measles ဝက်သက်

• ၁၂ လ Varicella (ဗေရီဆဲလား) ရေကျောက်၊ (မထိုးမနေရမဟုတ်)

• ၁၅ လ MMR ပသိရောင်-ဝက်သက်-ဂျာမန်ဝက်သက်၊

• ၁၅ လ Pneumococcal Booster နူမိုကော်ကယ် (မထိုးမနေရမဟုတ်)

• ၁၅ လ Inactivited Polio Vaccine (IPV) ပိုလီယိုတမျိုး (မထိုးမနေရမဟုတ်)

• ၁၈ လ DPT Booster (ဆုံဆို့-ကြက်ညှာ-မေးခိုင်) ထပ်ထိုး (ပ)

• ၁၈ လ OPV Booster ပိုလီယို ထပ်ထိုး (ပ)

• ၁၈ လ Haemophilus influenzae type B vaccine (HiB) Booster (မထိုးမနေရမဟုတ်)

• ၂ နှစ် Typhoid တိုက်ဖွိုက်

• ၂ နှစ် Hepatitis A အသဲရောင် အေ

• ၄ နှစ် MMR ပသိရောင်-ဝက်သက်-ဂျာမန်ဝက်သက်၊

• ၅ နှစ် DPT Booster (ဆုံဆို့-ကြက်ညှာ-မေးခိုင်) ထပ်ထိုး (ဒု)

• ၅ နှစ် OPV Booster ပိုလီယို ထပ်ထိုး (ဒု)

• ၁ဝ နှစ် Hep B Booster အသဲရောင် ဘီ ထပ်ထိုး

• ၁၅-၁၆ နှစ် TT မေးခိုင်ထပ်ထိုး

မှတ်ချက်။

- အထက်ပါ ကာကွယ်ဆေးဇယားကို မြန်မာနိုင်ငံအခြေအနေနှင့် နီးစပ်သည့် အိန္ဒိယမှာသုံးသည်။ ကာကွယ်ဆေးဇယားသည် တိုင်းပြည်အလိုက် ကွဲပြားနိုင်သည်။

Measles ဝက်သက်ရောဂါ https://dr-tint-swe.blogspot.com/2021/05/measles.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ