Mexican turnip ပဲစိမ်းစားဥ

တင်ထားတာတခု = ကိုယ့်အကြိုက် စိမ်းစားဥလေး

အညာမှာတော့ ပဲစိမ်းစားဥလို့ ခေါ်ကြတယ်။ 

Jicama လို့ခေါ်တယ်။ ဝီကီပီးဒီယာမှာတော့ မက်ဆီကိုက လာတယ်လို့သာ ရေးထားတယ်။ 

Mexican turnip or potato တဲ့။ မြန်မာပြည်ကို မသိတဲ့ သုတနေရာ။

ရုက္ခဗေဒလို Pachyrhizus erosus ခေါ်တယ်။ 

Turnip လို့သာရေးရင် မမှန်ပါ။ အဲဒါတွေက မုန်လာဥနဲ့ နွှယ်တာတွေ။ အရောင်မျိုးစုံတွေ။

Pea family (Fabaceae) ထဲကဖြစ်လို့ ပဲအမျိုးအစားထဲမှာပါတယ်။

အရည်ရွှမ်းပြီးနည်းနည်းချိုတယ်။ သကြားဓါတ် မများပါ။ ဆီးချိုရှိသူတွေလည်း အသင့်အတင့် စားသုံးနိုင်ပါတယ်။

ယူအက်စ်အေမှာလည်း ရတယ်။

ပဲစိမ်းစားဥ စိုက်ပျိုးသူတွေ၊ ရောင်းချသူတွေနဲ့ စာသုံးသူတွေ နေကောင်းကြစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ