Vesicular rash ဆိုတာ

fever with vesicular rash ဆိုတာကဘယ်လိုလဲခင်ဗျ

Vesicular rash ဆိုတာ အရေပြားမှာ အရည်ပြည့်နေတဲ့ အဖုသေးသေးလေးတွေ။ အလွန်သေးငယ်တဲ့ မီးလောင်ဖုနဲ့ ဆင်တယ်။ ရုတ်ရက်ထွက်လာတယ်။

ဘာ့ကြောင့်ထွက်သလဲ

Infections ပိုးတခုခုဝင်လို့

chickenpox  ရေကျောက်၊ 

eczema နှင်းခူနာ၊ 

skin irritation or allergy အလာဂျီ၊ 

shingles ဆင်ဖြူတော်ရေယုံ၊ 

friction ပွတ်တိုင်မိခြင်း၊ 

bacterial infections ဘက်တီးရီးယားဝင်ခြင်း၊ 

herpes simplex ရိုးရိုးရေယုံ။

varicella-zoster virus တခြားရေယုံဗိုင်းရပ်တွေ၊

Contact dermatitis ထိမိလို့ဖြစ်ရတဲ့ အရေပြားရောင်းခြင်း

ကိုယ်နဲ့ မသင့် မတည့်တာကြောင့်ဖြစ်တယ်။

Heat rash အပူကြောင့်ရာသီဥတုနဲ့ အပူချိန်ကြောင့်။

Dermatitis herpetiformis အရေပြားရောင်ခြင်းရောဂါတမျိုး

dietary gluten, dermatitis herpetiformis is associated with celiac disease တွေကနေ ဆက်ဖြစ်တယ်။

အများစုသော Vesicular rash တွေက စိုးရိမ်စရာ မရှိပါ။ အလိုလိုပျောက်မယ်။ မထိ မဆိတ် မကိုင်ဘဲ ထားသင့်တယ်။ အဆင်မသင့်ရင် ဘက်တီးရီးယားပိုး ထပ်ဝင်တတ်တယ်။

Fever ကတော့ ဖျားတာ။ ပါရာစီတမော လိုမယ်။

မေးခွန်းပါလူနာ ကလေး၊ လူကြီး၊ အသက်၊ ကျား၊ မ မသိရပါ။

Vesicular Rash Stock Photos - Free & Royalty-Free Stock Photos from Dreamstime

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ