Weight Loss မင်္ဂလာပါဆရာ

အမျိုးသား အသက် ၂၈ နှစ် အစာစားပီး(ပြီး) ခဏနေဗိုက်ပြန်ဆာသလိုဖြစ်နေတယ် စားသလောက်လည်း ခုနောက်ပိုင်း ဝ မလာတော့ဘူး စားပြီးလည်း ရင်ဘက်ထဲအစာနင်သလို ရင်ခံနေတယ် လွန်ခဲ့တဲ့ ၈ လလောက်က gynaecomastia ခွဲထားသေးတယ် ဘာရောဂါ ဖြစ်နိုင်မလဲ ခွဲစိတ်ထားတာနဲ့ဆိုင်လား ရောဂါရှာမရဖြစ်နေလို့ပါ

ရောဂါတခုခုနဲ့တော့ မတူသေးပါ။ နင်သလိုဖြစ်တာက လည်မျိုမှာဖြစ်ပြီး ဗိုက်ကယ်နေတာက တမျိုး။ အစာအိမ်ထဲကအစာ အောက်ကိုဆင်းတာမြန်အောင် Omeprazole 20 အစာမစားခင်၊ တနေ့ ၁ ကြိမ်။

လိုသေး မေးနိုင်။

ဟုတ်ကဲ့ဆရာ ထမင်းစားပြီး ခဏနေ ဗိုက်ပြန်ဆာနေတယ် လူကနည်းနည်းပိန်သွားတယ် ဘယ်လောက်စားစားဝိတ်ကတတ်မလာတော့ဘူး စားပြီးသားအစားအစာလေကို အထဲကရောဂါပိုးက ပြန်စားနေသလားလို့ ဆရာကိုမေးကြည့်တာပါ ကျေးဇူးတင်ပါတယ်  ရောဂါရှိမရှိသိချင် ဘယ်လို စစ်ကြည့် သိနိုင်မလဲ ဆရာ

အသက် ၂၈ နှစ်အရွယ်မှာ ရောဂါဆိုတာ ဖြစ်လေ့ မရှိပါ။ ကိုယ်အလေးချိန်ကျတဲံသူ တီဘီကိုသာ စဉ်းစားရတယ်။

မေးခွန်းမေးတဲ့သူနဲ့တော့ မဆိုင်လောက်ပါ ကိုယ်အလေးချိန်ကျရခြင်းအကြောင်းခံတွေစာရင်းတော့ ရေးလိုက်မယ်။

နှလုံး၊ ကျောက်ကပ်၊ အဆုတ်၊ အသဲ၊ ဆီးချို၊ လည်ပင်းကြီးဟော်မုန်းများခြင်း၊ နာတာရှည်အသက်ရှူလမ်းပိတ်ရောဂါနဲ့ ပါကင်ဆန်ရောဂါ၊ ဒီမင်းရှားရောဂါ။

စိတ်ရောဂါတချို့လည်းပါတယ်။

ခီမိုသာရာပီဆေး၏ ဘေးထွက်သက်ရောက်မှု၊

အာဟာရချို့တဲ့ခြင်း၊

အစာမျိုရခက်ခြင်း၊

တီဘီ၊

HIV and AIDS 

မူးယစ်ဆေးစွဲခြင်း၊

အရက်စွဲခြင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ