ရှူးရှဲလက်ဖက် သတင်း

ရှူးရှဲလက်ဖက်ကို အမေရိကန်မှာ ကင်ဆာ ဖြစ်စေနိုင်တဲ့ အစားအသောက်စာရင်းထဲ ထည့်လိုက်ပါပြီတဲ့
၂၀-၁၂-၂၀၂၄ နေ့ကတခါ တင်ပြထားပါတယ်။
ရှူးရှဲလက်ဖက်ကိုတော့ အမေရိကန်မှာ ကင်ဆာ ဖြစ်စေနိုင်တဲ့ အစားအသောက်စာရင်းထဲ ထည့်လိုက်ပါပြီတဲ့
ဒီသတင်းကို တယောက်ပြီးတယောက်က တင်နေကြတယ်။ အောက်ကနေ ကွန်မင့်ရေးလိုက်တယ်။
ဒီသတင်းလာတဲ့ Sourse ပင်ရင်း သိပါသလား။ အခုထိ ပြန်ရေးတာ မတွေ့သေးပါ။
ဒီစာရေးဖို့ လိုက်ရှာပါတယ်။ အင်္ဂလိပ်လိုရေးတာ တခုမှာ Burmese tea leaves မြန်မာပြည်ကလာတဲ့ လက်ဖက်ကို ယူအက်စ်အေမှာ မရနိုင်။
ဓါတုဆိုးဆေး chemical dye Auramine O ကြောင့်ဖြစ်သည်။
လက်တွေ့ ယူအက်စ်အေ မြို့တိုင်းမှာ မြန်မာပြည်ကလက်ဖက် ရောင်းနေတယ်။ 
Auramine O သည် မျက်စိနှင့် အရေပြားကို အနေရခက်စေသည်။ တာရှည်ထိတွေ့မှုများပါက bladder cancer ဆီးအိမ်ကင်ဆာဖြစ်စေနိုင်တယ်။
Curry powder အရောင်တင်မှုန့်၊
Chicken ကြက်သား၊
Turmeric powder နနွင်းမှုန့် တွေထဲမှာလည်း ပါတယ်။
စွဲစေနိုင်တယ်။
စားစရာအရောင်ဆိုးဆေးထဲမှာလည်း ပါနိုင်တယ်။ စစ်ဆေးကြည့်မှသာ သိမယ်။
ယူအက်စ်အေမှာ FDA ဌာနတွေက ပြည်နယ်တိုင်း၊ မြို့နယ်တိုင်းမှာ ရှိတယ်။ 
တချို့နေရာတွေမှာ မြန်မာပြည်ကလာတဲ့ အစားအသောက်တွေ၊ တချို့ဗမာဆေးတွေ၊ တချို့အလှကုန်တွေကို သတိပေးတယ်။ တချို့ကို ပိတ်ပင်တယ်။
Tea Leaves Found to Contain Banned Chemical မြန်မာပြည်ကလက်ဖက်ထဲမှာ တားမြစ်ထားတဲ့ ဓါတ်တွေပါတယ်။ ဒီသတင်း ၁၉-၃-၂၀၀၉ နေ့ကတည်းက Irrawaddy English မှာ ပါတယ်။
ကျန်းမာရေးနဲ ဆေးဝါးသတင်းတွေ တိကျမှန်ကန်ရပါမယ်။ လိုတာထက်ပိုပြောမိရင် စီးပွားရေးလုပ်သူတွေ နစ်နာမယ်။ လျှော့ပြောမိရင် စားသုံးသူတွေ နစ်နာမယ်။
AI Overview အေအိုင် အဖြေ
မြန်မာပြည်ကလာတဲ့ လက်ဖက်နဲ့ပတ်သက်ပြီး သတငးအချက်အနလက် လွန်စွာနည်းတယ်။
FDA ကတော့ သွင်းကုန်တိုင်းရဲ့ အရည်အသွေးကို စစ်ဆေးတယ်။ အဲဒီ အက်ဥပေ'ကို ၁၉၃၈ ခုနှစ်ကတည်းက ကျင့်သုံးနေတယ်။ လက်ဖက်တင်သွင်းခွင့် အက်ဥပဒေက ၁၈၉၇ ခုနှစ်ကတည်းက စတင်တယ်။ အဲဒါကို ၁၉၉၆ မှာ ဖျက်သိမ်းထားတယ်။
School Foods ကျောင်းမှာရောင်းနေတဲ့ အစားအစာတွေ
(၉-၇-၂၀၁၆ နေ့က တင်ပြထားတာ)
ဒေါက်တာရှင့် ကျွန်မက မူလတန်းပြဆရာမတဦးပါ။ ဒီနေ့ကျောင်းမှာ စားသုံးရန်မသင့်သောအစားအစာများစာရင်းတွေ ရောက်လာပါတယ်။ ကျောင်းသူကျောင်းသားတွေကို အသိပေးရမှာပါ။ အဲ့ဒီမှာရေးထားတဲ့ Orange2, Rhodamine b, Auramine O, Sudan3, Borax, Salicylic Acid တို့ကိုတွေ့ရပါတယ်။ အဲ့ဒီဆိုးဆေးတွေရဲ့အန္တရာယ်ကို ပြောပြပေးစေချင်ပါတယ်ရှင့်။
Rhodamine B ဆိုတာ ဆိုးဆေးတမျိုးဖြစ်တယ်။ ရေနဲ့ အရက်မှာပျော်ဝင်တယ်။ မီးစုန်းရောင်ထွက်စေတယ်။ ဓါတ်ခွဲခန်းတွေမှာသုံးတယ်။ Auramine O နဲ့လည်း တွဲသုံးတယ်။ ဥပမာ သလိပ်ထဲက (တီဘီ) ပိုးစစ်ဆေးခြင်း။ ကင်ဆာ ဖြစ်စေနိုင်မလား သံသယရှိလို့ ကာလီဖိုးနီးယားမှာ တားမြစ်ထားတယ်။
Auramine O ဆိုတာလည်း ရေနဲ့ အရက်မှာပျော်ဝင်တဲ့ ဆိုးဆေးတမျိုးဖြစ်တယ်။ မီးစုန်းရောင်ထွက်စေတယ်။ အစစ်အတိုင်းက အဝါရောင်ဖြစ်စေတယ်။ Rhodamine B နဲ့လည်း တွဲသုံးတယ်။ ဥပမာ သလိပ်ထဲက (တီဘီ) ပိုး စစ်ဆေးခြင်း။ ပိုးသန့်ဆေးအဖြစ်လည်း သုံးနိုင်တယ်။
Sudan III ဆိုတာ အဆီမှာပျော်ဝင်တဲ့ဆိုးဆေးဖြစ်တယ်။ ဆီပါတာတောတွေကို အဝါရောင်ဆိုးအဖြစ်သုံးတယ်။ နိုင်ငံတကာ ကင်ဆာသုတေသနဌာနကနေ ကင်ဆာအလားအလာ အဆင့် (၃) လို့သတ်မှတ်ထားတယ်။ Borax ဆိုတာ ဘိုးရစ်အက်စစ်ဒြပ်ပေါင်းဖြစ်တယ်။ အဖြူရောင်ဆိုးပေးတယ်။ ရေမှာပျော်ဝင်တယ်။ ဆပ်ပြာထဲ၊ အလှအပသုံးတွေထဲမှာပါတယ်။ အဆိပ်သင့်စေနိုင်တယ်။ ကင်ဆာဖြစ်စေနိုင်တယ်။ သားသမီးမရဖြစ်စေနိုင်တယ်။ Salicylic acid ဆိုတာ ဆေးဝါအဖြစ်သုံးတယ်။ အကိုက်အခဲပျောက် စားဆေးနဲ့ လိမ်းဆေးမှာသုံးတယ်။ ဘေးထွက် သက်ရောက်မှုတွေရှိတယ်။ စိတ်မကြည်လင်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ အသက်ရှူမြန်၊ နားထဲကလေထွက်၊ နားမကြား၊ ပျို့အန်၊ ဝမ်းပျက်။
ဆရာမမေးတာတွေအပြင် သတိထားစရာတွေလည်းရှိပါသေးတယ်။ ဝက်အူချောင်း၊ ကြက်အူချောင်းကို ယမ်းစိမ်းနဲ့ နီအောင်လုပ်တယ်၊ လက်ဖက်စိုကို ချည်ထည်ဆိုးဆေး (အိုရာမင် အို) နဲ့ စိမ်းဝါဝါအရောင် ဖြစ်အောင်လုပ်တယ်။ ပုစွန်ကို ဆပ်ပြာရည်နဲ့ဖျော်တယ်။ မဲနယ်ဆိုးတယ်။ လိမ္မော်သီးအခွံပေါ်မှာ အညိုကွက်ဖြစ်နေရင် Citrus Red No. 2 ဖျန်းပေးတယ်။ ငှက်ပျောသီး၊ သရက်သီး၊ ထောပတ်သီး အစရှိသော သစ်သီးများကို အမှည့်လွန်ပုံစံ ဖြစ်နေစေရန် အက်သလင်းဓာတ်ငွေ့ ဖျန်းပေးတယ်။ မျှစ်၊ နနွင်းမှုန့်၊ အရောင်တင်မှုန့်နဲ့ ငရုတ်သီးမှုန့်၊ သစ်သီးများ၊ ခရမ်းချဉ်သီးဆော့စ်၊ ငါးနဲ့ ပုစွန်အသားပြားမှာ Rhodamine B အနီရောင်ချည်ထည်အရောင်ဆိုးဆေးထည့်တယ်၊ လက်ဖက်ခြောက်၊ ခရမ်းချဉ်သီးဆော့စ်တို့မှာ Orange II လိမ်မော်ရောင်ထည့်တယ်။ အဲလိုဆိုးဆေးတွေဟာ ကင်ဆာဖြစ်တဲ့အထိ အန္တရာယ်ပေးနိုင်တယ်။
ဒီသတင်းကို အခုသိတာထက်ပိုပြီး ခိုင်မာတာတွေ့ရင်လည်း တင်ပြပါမယ်။ 
ပုံအတွက် ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Allergic skin အရေပြား အလာဂျီ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ