Cancer ကင်ဆာ

အရင်က ကင်ဆာအုပ်စု ၂ ခုကို နေ့တိုင်းတွှေပါတယ်။ ဆရာဝန်ကို မမေးလည်း ဖြေသင့်တာ ဝင်ဖြေတယ်။ မေးခွန်းတွေနဲ့ အကြောင်းအရာတွေကိုလည်း အသေအခြာရေးပြီး တင်တယ်။

မေးခွန်းတွေထဲမှာရော တင်သမျှစာတွေထဲမှာပါ သတ်ပုံတွေကတော့ အတော်ကို မှားတယ်။ ပြင်ပေးတယ်။

ကျယ်မ၊ နဲ့ ညမ တို့။ 

မှာ ကို မာ၊ 

ဖြစ် ကို ဖစ်၊ 

ပြီး ကို ပီး၊ 

ပါပြီ ကို ပါပီ၊

တွေ ကို တေ၊ 

ရ ကို က ရေးတာတွေက ကင်ဆာနေရာတွေမှာ အများဆုံး။ ကင်ဆာလူနာနဲ့ ကင်မိသားစုဝင်တွေ။

ပြင်ပေးတာကို ဂရု တာဝန်ရှိသူတွေက မကြိုက်ဘူးဆိုတာနဲ့ သူတို့နေရာကိုလည်း မသွားဖြစ်တော့ပါ။ ကြာပြီ။

အခုအချိန်လေးနည်းနည်းရတာကြောင့်ရော ကင်ဆာကို သတိရလို့ပါ ဂရု တွေကို ရှာတော့ မတွေ့ရတော့ပါ။ မရှာတတ်တာလည်း ဖြစ်နိုင်တယ်။

တခြားကင်ဆာအကြောင်းတွေတော့ တွေ့တယ်။ အဲဒါတွေမှာ ဆေးသုတေသနနဲ့ မကိုက်ညီတာတွေများတာ သတိထားမိတယ်။ ဆေးရောင်းကြတာ ထင်ပါရဲ့။

ကင်ဆာဖြစ်ရတဲ့ထဲ အသိခေါက်ခက် အဝင်နက်နေကြတယ်။

- ရောဂါ ကင်ဆာ

- မြန်မာစာ ကင်ဆာ

- ချင့်ချိန်တွေးသိမှု ကင်ဆာ

ကင်ဆာ ကျဆုံးပါစေသတည်း။

Breast cancer risk: what you can control

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ