Ear ring နားဖောက်တာ

ဆရာ မင်္ဂလာပါ ကျွန်မအသက် ၂၃ရှိပါပီ(ပါပြီ) နားဖောက်တာ ၁၀ရက်ရှိပါပီ(ပါပြီ) ကြက်သားမစားပါဘူးဆရာ နားမှာ အသီးထွက်လာပါတယ် နားသီးကကြီးလာတက်(တတ်)ပါသလားဆရာ ဘယ်လိုလုပ်သင့်ပါသလဲဆရာ

ကြက်သားမစားတာနဲ့ ဖြစ်တာ မဆိုင်ပါ။ 

တက်ပါသလား မဟုတ်။ တတ်ပါသလားလို့ ရေးရတယ်။ တက်ဆိုတာ အပေါ်တက်တာ။ အတက်ရောဂါ။ တတ်ဆိုတာ တတ်မြောက်တာ။ ဖြစ်တတ်တာ။ 

ပါပီဆိုတာ ခွေးကလေးကိုခေါ်တယ်။ ပါပြီလို့ရေးမှသာ နားလည်စေမယ်။ 

နားဖေါက်ရာကနေ အနာရင်းတတ်တယ်။ ရင်းတယ်ဆိုတာ ရောင် နီ ရဲ နာ ဖြစ်တာကိုခေါ်တယ်။ 

ဆေးထည့်သင့်။ Betadine cream လိမ်းဆေး။

အနာအရောင်သက်သာဆေးလိုနိုင်။Paracetamol/Ibuprofen တခုခု။

တချို့ ပိုသေဆေးပါလိုတယ်။

Amoxicillin 

Clindamycin

Doxycycline

Trimethoprim-sulfamethoxazole ဆေး တမျိုးမျိုးသုံးနိုင်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ