Estrogen မ, ဟော်မုန်း
အီစထိုဂျင်ကို အမျိုးသမီးဟော်မုန်းလို့လူသိများတယ်။ အမျိုးသမီးတွေမှာသာရှိတာတော့ မဟုတ်ပါ။ မိန်းကလေးတွေမှာ မိန်းမနဲ့ဆိုင်တဲ့ ဝိသေသလက္ခဏာတွေဖြစ်လာစေဘို့ အီစထိုဂျင်ဟော်မုန်းလိုတယ်။ မျိုးပွါးဘို့အတွက်လည်းလိုအပ်တယ်။
မျိုးဥအိမ်တွေကနေ Estrone, နဲ့ Estradiol အများဆုံးထုတ်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ Estriol ကို အချင်းကနေ ထုတ်ပေးတယ်။ ကျောက်ကပ်အထက်မှာရှိတဲ့ အဒရီနယ်လင်ဂလင်းကနေလည်းထုတ်ပေးတယ်။ အဆီတစ်ရှူးတွေကပါ ထုတ်ပေးတယ်။ ရင်သားနဲ့ သားအိမ်တွေကိုသာမက ဦးနှောက်၊ အသည်း၊ နှလုံးတွေကိုပါသက်ရောက်တယ်။ သူ့ကြောင့် ရာသီဖြစ်စဉ်မှာ သားအိမ်အတွင်းဆုံးလွှာကို ကြီးထွားလာစေတယ်။
Progesterone ပရိုဂျက်စတီရုန်းဟော်မုန်းနဲ့ မျှခြေညီနေရင် ကျန်းမာတယ်။ ရာသီမှန်မယ်။ မျိုးပွါးနိုင်တယ်။ ကိုယ်ဝန်တားဆေးတွေထဲမှာ ပါတယ်။ ဟော်မုန်းမူမမှန်ရင် တချို့ကို အိမ်ထောင်မရှိလည်း တားဆေးပေးရတယ်။ အရိုးပါးတာကို သက်သာစေတယ်။ ကယ်လ်စီယန်၊ ဗီတာမင်ဒီနဲ့ အီစထိုဂျင်တွေတွဲပြီး အရိုးကိုအားကောင်းစေတယ်။ အသက်ရလာတဲ့အမျိုးသမီးတိုင်း (၃၀ ကျော်) မှာ ဒီဓါတ်သုံးမျိုးလိုတယ်။ အထူးသဖြင့် သွေးဆုံးပြီးရင် လိုကြတယ်။ အီစထိုဂျင်နည်းရင် ဗဂျိုင်းနာအဖုံးလွှာပါးပြီး ခြောက်သွေ့လာမယ်။ ဆီးသွားပြွန်လေးကိုလည်းသက်ရောက်တယ်။ အားနည်းရင် ဆီးအောင့်မယ်။ သွေးဆုံးကာနီးလာရင် ရာသီမမှန်ဖြစ်မယ်။ ရင်သားနာမယ်။ စိတ်မူပြောင်းမာယ်။ မျက်နှာနီမြန်းမယ်။ ဟော်မုန်းအစားထိုးကုသနည်း လုပ်ရတယ်။
အပျိုဖြစ်နောက်ကျတာ၊ ဗဂျိုင်းနားမဖွံ့ဖြိုးတာ၊ သွေးဆုံးချိန်စောလွန်းတာ၊ ရာသီမမှန်တာနဲ့ သွေးဆုံးရောဂါတွေအတွက် အီစထိုဂျင်တမျိုးတည်းပေးနည်းနဲ့ အီစထိုဂျင် + ပရိုဂျင်စတီရုန်းတွဲပေးနည်းတွေရှိတယ်။ သတိတော့ထားရမယ်။ ဟော်မုန်းအလေးချိန် အနည်းဆုံးသာပေးဘို့ ၂၀၀၂ ကစပြီး ထုတ်ပြန်ထားတယ်။
အီစထိုဂျင်က ဇီဝဖြစ်စဉ်ကိုအားပေးတယ်။ အဆီပိုစုစေတယ်။ ကောင်းတဲ့ကိုလက်စထော HDL တိုးစေပြီး ဆိုးတဲ့ LDL နည်းစေတယ်။ ဆား + ရေ စုဆောင်းစေတယ်။ နည်းနေရင် Binge eating ခေါ်အစားအငန်းမရစားချင်စိတ်ဖြစ်တယ်။ ရင်သားကင်ဆာ ၈၀% က ဟော်မုန်းနဲ့ဆက်စပ်နေလို့ ဟော်မုန်းပေးပြီးကုသနည်းပါလုပ်နိုင်တယ်။ ယောက်ျား ဆီးကျိတ်ကင်ဆာနဲ့လည်း ဆက်စပ်နေတယ်။ ဆေးကုနည်းထဲမှာသုံးရတယ်။ အလှအပသုံးပစ္စည်းတွေထဲမှာ ထည့်သုံးကြတယ်။ အားလုံးက စိတ်ချရတာမဟုတ်ပါ။
ကြော်ငြာကောင်းတိုင်းတော့ မယုံပါနဲ့။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment