Fetal Heart Rate သန္ဓေသားနှလုံးခုန်နှုန်း

ဆရာရှင့် ကျမ အသက် ၂၆ နှစ်ပါ အိမ်ထောင်သက် ၈ လ ရှိပါပြီ 17.7.2018 နေ့မှာ ကျွန်မ ဆီးလမ်းကြောင်း ပိုးဝင်လို့ နေမကောင်းဖြစ်ခဲ့ပါတယ် အဲဒီနေ့မှာ အန်ထွာဆောင်း ရိုက်တော့ ကလေး နှလုံးခုန်နှုန်း၁၈၀ ဖြစ်နေပါတယ်  22.7.2018 တွင် ၁၄ ပတ် ရှိပြီဖြစ်တဲ့ ကိုယ်ဝန်အား ကလေးနှလုံးခုန်ရပ်လို့ သားအိမ်ခြစ်ခဲ့ရပါတယ် သန္ဓေသားရဲ့ နှလုံးခုန်နှုန်း အမှန်က ဘယ်လောက်ရှိသင့်ပါသလဲရှင့် မိခင်ရဲ့ နှလုံးခုန်နှုန်းကရော ပျမ်းမျှ ဘယ်လောက်ရှိသင့်ပါသလဲရှင့်။

ကိုယ်ဝန်မှာ အထဲကကလေးနှလုံးခုန်နှုန်း ၁၂၀ ကနေ ၁၆၀ အထိရှိတာပုံမှန်။ ကိုယ်ဝန် ၆ ပတ်ရရင် စပြီး တိုင်းတာနိုင်။ ၁၀ ပတ်ရရင် ၁၇၀ အထိရှိလာနိုင်။ မွေးကာနီးမှာ ၁၃ဝ ရှိတတ်။

၃ ပတ်ဆိုရင် သန္ဓေသားနှလုံးစလှုပ်နေပြီ။ ၆ ပတ်ထက်မစောမှသာ အာထွာဆောင်းကနေသိနိုင်တယ်။ တမိနစ်မှာ ၁၀၀၊ ၁၂၀ ကနေ ၁၆၀ ရှိမယ်။ ၁၀ ပတ်ဆိုရင် ၁၇၀ အထိတိုးလာမယ်။ ၁၄ ပတ် ၁၅၀၊ ၂၀ ပတ် ၁၄၀ နဲ့ မွေးကာနီးတော့ ၁၃၀ ဖြစ်မယ်။ 

ကလေးတွေရဲ့နှလုံးခုန်နှုန်း

မွေးကာစ = 125 beats/min (70 to 190 beats/min)

တနှစ်အောက် = 120 beats/min (80 to 160 beats/min)

၃-၄ နှစ်အရွယ် = 110 beats/min (80 to 130 beats/min)

၆ နှစ်အရွယ် = 100 beats/min (75 to 115 beats/min)

၈ နှစ်အရွယ် = 90 beats/min (70 to 110 beats/min)

၁၀ နှစ်အရွယ် = 90 beats/min (70 to 110 beats/min)

၁၂ နှစ်သမီး = 90 beats/min (70 to 110 beats/min)

၁၂ နှစ်သား = 85 beats/min (65 to 105 beats/min)

၁၄ နှစ်သမီး = 85 beats/min (65 to 105 beats/min)

၁၄ နှစ်သား = 80 beats/min (60 to 100 beats/min)

၁၆ နှစ်သမီး = 80 beats/min (60 to 100 beats/min)

၁၆ နှစ်သား = 75 beats/min (55 to 95 beats/min)

၁၈ နှစ်သမီး = 75 beats/min (55 to 95 beats/min)

၁၈ နှစ်သား = 70 beats/min (50 to 90 beats/min)

နှလုံးဟာ တမိနစ် 72 ကြိမ်၊ တနာရီ 4,320 ကြိမ်၊ တနေ့ 103,680 ကြိမ်၊ တနှစ် 37,843,200 ကြိမ်၊ အသက် ၂၀ မှာ 756,864,000 ကြိမ်ခုန်တယ်။ ကျွန်တော့်နှလုံးက အသက် ၇၆ နှစ်မှာ 2,876,083,200 ကြိမ်ခုန်ပြီးပြီ။ သန်းပေါင်း ၂၈၀၀ ကျော်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ