Flaxseed နှမ်းနက်

၁။ ဆရာရှင့် ကျွန်မအသက် 24 ပါရှင့် အိမ်ထောင်ရှိပါတယ်ရှင့် ပထမကလေးကလေးနှစ်ပါရှင် ဒုတိယသားလေး မွေးထားတာ တလရှိပါပြီရှင် ပုံမှာပြထားတဲ့ဆေးဟာ နို့တိုက်မိခင်သောက်လို့ရပါလားဆရာ

ဘာအတွက်သောက်လို မသိ။ အစားအစာတမျိုးဖြစ်။ မတည့်မရှိ။ နှမ်းအနက်။

ဟုတ်ကဲ့ဆရာ နို့တိုက်မိခင်သောက်ရင် omega 3 6 9ကကလေးဆီရောက်တယ်ဆိုလို့ပါဆရာ ကလေးမိခင် weight လည်း ထိန်းပေးတယ်ဆိုလို့ပါဆရာ

၂။ ဆရာရှင့် ဒီဆေးက အသည်းအဆီဖုံးသူတွေသောက်လို့ရပါသလားရှင့် ကျွန်မက အသက် ၂၇ ပါ အိမ်ထောင်ရှိပါတယ် ကလေးမွေးပြီး အဝလွန်ပြီး ကိုလက်စရောလဲ များတယ် အသည်းလဲအဆီဖုံးတယ်ပြောပါတယ်

ကိုလက်စထောနဲ့ အသည်းအဆီဖုံးခြင်းစာတွေ ပို့လိုက်မယ်။

Cholesterol ကိုလက်စထော https://dr-tint-swe.blogspot.com/2021/06/cholesterol.html

Fatty Liver Disease (FLD) အသည်းအဆီဖုံးခြင်း https://dr-tint-swe.blogspot.com/2021/05/fatty-liver-disease-fld.html

၃။ ဆရာ ဒီဆေးကို နို့တိုက်မိခင်သောက်ရင် ကလေးကို ဆိုးကျိုးထိနိုင်လား။ ကျွန်မအရမ်းဝနေလို့သောက်မလို့ပါ။ ကလေးက ၇ လကျော်ပါပြီ။

Flaxseed ကို နှမ်းနက်လို့ဘာသာပြန်နိုင်တယ်။ နှမ်းကြတ်လို့လည်း ပြန်တယ်။ အဲဒီဆေးကို နှမ်းလို့ပဲသဘောထားပါ။ နှမ်းဆိုတာ လူတိုင်းနဲ့သင့်တယ်။ နှမ်းမှန်သမျှ သိပ်မကွာကြပါ။ ဆီထုတ်ယူလို့တာတွေဖြစ်တယ်။ အာဟာရဓါတ်ပါတယ်။ အဆီဓါတ်အမျိုးမျိုးမှာ မကောင်းတဲ့ ကိုလက်စထောနည်းတာကို ကျန်းမာရေးအတွက်ကောင်းတယ်လို့ ယူဆတယ်။ သူများတိုင်းပြည်တွေမှာ အလွန်ကြော်ငြာပြီးရောင်းတယ်။

အစားအသောက်တွေကို ဆေးထုတ်ကြတယ်။ အစားအသောက် သန့်ရှင်း လတ်ဆတ်တာထက်တော့ ဆေးစက်ရုံကထုတ်တာတွေက မကောင်းနိုင်ပါ။

ကိုလက်စထောနည်းတာက ကောင်းတာမှန်ပေမယ့် လူဝနေတာကို ကျစေအာင်တော့ မရနိုင်ပါ။ ပိုမဝတာတော့ ဖြစ်နိုင်တယ်။ ဒါတောင် တခြားအစားအသောက်နဲ့ ဟော်မုန်းတွေက မှန်မှသာဖြစ်နိုင်တယ်။

Flaxseed နှမ်းနက် https://dr-tint-swe.blogspot.com/2021/10/flaxseed.html

ဒေါက်တာတင့်ဆွေ

၂၈-၁၂-၂၀၁၈

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ