Hypertension and foods သွေးတိုး နှင့် အစားအသောက်

အခြေခံအချက်

၁။ သွေးတိုးရှိလျှင် ဆားများ၊ သကြားများ၊ အဆီများတဲ့ အစားအသောက်တွေကို ဆင်ခြင်ပါ။

၂။ ကယ်လိုရီများတာတွေ

၃။ အရက်နဲကေဖင်းများတာတွေကို ရှောင်ပါ။

ဆားများတဲ့၊ ဆားနဲ့လုပ်တဲအစားအသောက်အားလုံးနဲ့ဆိုင်တယ်။ မြန်မာပြည်မှာ စားသုံးတာတွေတိုင်းလိုလိုမှာ ဆားပါတယ်။ ဆားများတယ်။ ဆားဆိုတာ ဆိုဒီယမ်ဓါတ်။

- ဆား၊ ငပိ၊ ငါးခြောက်၊ ငံပြာရည်။

- ဟင်းချိုမှုန့်၊ အသားမှုန့်၊ အရသာမှုန့်တွေမှာလည်း အတိုင်းအဆတခုစီ ပါတယ်။

- အထားခံအောင်လုပ်တဲ့ အစားအသောက်တွေ၊

- လက်လုပ်ချဉ်တွေတိုင်းမှာ ဆားပါတယ်။

- နေ့စဉ် ဆားပဏာမ 6 grams ထက် မပိုသင့်။ စုစုပေါင်း လက်ဖက်ရည်ဇွန်းနဲ့ ၃ ပုံ ၂ ပုံသင့်တယ်။ ၁ ဇွန်း အများဆုံး။

- ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေ၊ အစေ့အဆံတွေ ကောင်းတယ်။

- အဆီနည်း၊ အဆီထုတ်နွားနို့ သင့်တယ်။

- ငါးတွေ သင့်တယ်။

- ပဲအမျိုးမျိုးနဲ့ ပဲသီးအမျိုးမျိုး ကောင်းတယ်။

အစားအသောက်တွေကို ဆင်ခြင်တာအပြင်

- သွေးကျဆေး နေ့စဉ် ပုံမှန် သောက်နေရမယ်။

- ကိုယ်လက်လှုပ်ရှာမှု ပုံမှန် လုပ်ရမယ်။

- ကိုယ်အလေးချိန် ထိန်းရမယ်။

- အရက်၊ ဆေးလိပ် မသင့်။ ကေဖင်း များတာ မသင့်။

Illustration by Sally Caulwell

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ