Medicines for High Blood Pressure သွေးတိုးကျဆေးများ

ဆရာရှင့် လူနာတယောက်တည်းကိုပဲ antihypertensive ဆေး ၃ မျိုးပေးထားတာတွေ့ရပါတယ်။ 

- Nifedipine 30mg 1 tab two times a day 

- Amlodipine 10mg 1/2 tab every morning 

- Losartan 50mg 1tab every morning 

ဆေးတခုစီရဲ့ကွဲပြားမှုကိုသိချင်ပါတယ်။ ဆေးရဲ့ action ကတူပါလျက်ဘာကြောင့် ၃မျိုးပေးရတာဆိုတဲ့အကြောင်းရင်းကိုလဲ သိချင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ internal organs တွေမှာလဲဆေးတခုစီမှာ action ရှိတယ်လို့ ပြောပါတယ်။ ကျောက်ကပ် နဲ့ နှလုံးရယ်စသည်ဖြင့်ဆိုပြီး ဆရာဝန်ကသေချာမရှင်းပြခဲ့ပါဘူး။ သမီးက ပြည့်ပြည့်စုံစုံလေးသိချင်ပါတယ်။ လူနာက အမျိုးသမီး၊ အသက် ၇၈။

၁။ Nifedipine ဆေးက calcium channel blockers အမျိုးအစား သွေးကျဆေးဖြစ်တယ်။ နှလုံးနဲ့ သွေးကြောတွေကို ကျယ်လာစေတယ်။

ဘေးထွက်သက်ရောက်မှုများ = ခေါင်းမူး၊ မျက်နှာနီမြန်း၊ အားနည်း၊ ရင်ပူ၊ ပျို့၊ လက်တုံ၊ ကြွက်တက်၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ နှာခေါင်းပိတ်။

၂။ Amlodipine ဆေးက calcium channel blockers အမျိုးအစား သွေးကျဆေးဖြစ်တယ်။ သွေးကြောတွေကျယ်စေပြီး သွေးပိုစီးလျှောက်စေတယ်။ သွေးတိုး + ရင်ပတ်နာနှလုံးရောဂါအတွက်ပေးတယ်။

ဘေးထွက်သက်ရောက်မှုများ = ခြေထောက်ယောင်၊ ခေါင်းမူး၊ နှလုံးခန်မမှန်၊ နွေးနေသလိုခံစား၊ မျက်နှာနီ၊ အသက်ရှူမဝ၊ ရင်ကြပ်၊ သွားဖုံးသွေးယို၊ ဆီး-ဝမ်းထဲသွေးပါ၊ မျက်စိကြည့်မကောင်း၊ ချမ်း၊ ချွေးစီးထွက်၊ စိတ်မကြည်လင်၊ ချောင်းဆိုး၊

၃။ Losartan (Cozaar) ဆေးဟာ angiotensin II receptor antagonists အမျိုးအစား သွေးကျဆေးဖြစ်တယ်။ သွေးကြောကျဉ်းမှာကို တားပေးတယ်။ သွေးတိုး + ဆထုပ်ထပ်ဖြစ်မှာ အချိန်ကြာစေဘို့သုံးတယ်။

ဘေးထွက်သက်ရောက်မှုများ = စိုးရိမ်စိတ်၊ ဆီးအိမ်နာ၊ ဆီးထဲသွေးပါ၊ မျက်စိကြည့်မကောင်း၊ သတိလစ်၊ စိတ်ရှုတ်ထွေး၊ အရေပြားအေး၊ စိတ်ကျ၊ အသက်ရှူခက်၊ ခေါင်းမူး၊ ခေါင်ူကိုက်၊ ဆာလောင်၊ အိပ်မက်ဆိုး၊ ပျို့-အန်။

သွေးကျဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေရှိတယ်။ ဘေးထွက်ဆိုးကျိုးတွေကြောင့် ဆေးမသောက်ပဲမနေသင့်။ သွေးကျဆေး ကို ၂-၃ မျိုးတွဲပေးနိုင်တယ်။ လိုအပ်ရင် ဆေးပြောင်းပေးတယ်။ အတိုး-အလျှော့လုပ်ပေးတယ်။

High Blood Pressure Drugs သွေးကျဆေးများ https://dr-tint-swe.blogspot.com/2021/05/high-blood-pressure-drugs.html

ဒေါက်တာတင့်ဆွေ

၂၆-၁၂-၂၀၁၄

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ