Menstruation ရာသီမေးခွန်း
အသက် ၃၆ အမျိုးသမီး အိမ်ထောင်ရှိ အိမ်ထောင်သက် ၄နှစ် မည်သည့်သားဆက်ခြားနည်းမှမသုံး ကလေးမရ လွန်ခဲ့တဲ့ တနှစ်ကျော်က ကိုယ်ဝန်ခုနှစ်ပတ်နဲ့ပျက် သားအိမ်ခြစ်ရ အခု ဒီဇင်ဘာလ ၉ရက်နေ့က ရာသီစလာ ၁၂ရက်နေ့မှာပြီး ၁၃ရက်ကစပြီးရင်သားတင်းပြီးနာ ၁၅ရက်နေ့မှာရာသီပြန်ဆင်းနေ ခါးနှင့်ဆီးစပ်အနည်းငယ်ကိုက် ဒီဇင်ဘာ ၁၇ရက်နေ့က ဆရာ့ကိုတခါမေးခဲ့ပါတယ် ၁၈ရက်နေ့ သွေးဆင်းတာမရပ်လို့ တောင်ကြီးကိုသွားပြီး OG နဲ့ပြပါတယ် Ultrasound ရိုတ်တော့ ဘာမှမတွေ့ဘူးပြောတယ် ဆရာဝန်က သွေးထိန်းဆေးဆိုတဲ့ထိုးဆေးတမျိုးထိုးပေးပြီး Normens (norethisterone acetate BP 5mg) ဆေးဆယ်လုံးပါ ၃ကဒ်သောက်ခိုင်းပါတယ် နောက်တခါ ရာသီပြန်လာရင်အများကြီး ပြန်ဆင်းမယ်ပဲပြောပါတယ် နောက်ရက် (ဒီဇင်ဘာ ၁၉) မှစပြီးသွေးဆင်းတာရပ်ပြီး ယနေ့ ဆေးသောက်နေဆဲမှာပဲ ရာသီသွေးပြန်ဆင်းနေပြန်ပါတယ်ဆရာ ကျမ ကျန်းမာရေးက စိုးရိမ်ရပါလားရှင် ဘာဆက်လုပ်ရမလဲ ကျမအထင် Ultrasound ရိုတ်တာက တမိနစ်လောက်ပဲကြာတော့ သေချာမကြည့်မိတာလားဆရာ
အာထွာဆောင်းအဖြေစာ မသိ။ ကောင်းတယ်ပြောရင် သားအိမ်နဲ့ မျိုးဥအိမ်တွေမှာ အကျိတ်အလုံးမရှိလောက်။
ရာသီမမှန်သူကို စစ်ဆေးရ ဖြေရတာ အတော်လက်ဝင်တယ်။ တယောက်နဲ့တယောက်က မတူကြ။ မေးတဲ့သူမှာ ဘာဖြစ်နေ ဆရာက သိပ်မသိ။ ဟော်မုန်းပါဆေးပေးရလေ့ရှိတယ်။
Amenorrhea ရာသီမလာရင် http://doctortintswe.blogspot.com/2016/06/amenorrhea.html
DUB အခါမဟုတ် ရာသီဆင်းခြင်း http://doctortintswe.blogspot.com/2014/11/dub.html
Menstruation (1) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁) http://dts-medicaleducation.blogspot.com/2011/04/menstruation.html
Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂) http://dts-medicaleducation.blogspot.in/2011/04/menstruation_25.html
Menstruation (4) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၄) https://doctortintswe.blogspot.com/2014/11/menstruation-4.html
Menstruation (5) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၅) http://doctortintswe.blogspot.com/2014/11/menstruation-5.html
Menstruation Questions ရာသီအကြောင်း http://doctortintswe.blogspot.com/2018/08/menstruation-question.html
အိမ်ထောင်ရေး မပြောလိုတဲ့ မေးခွန်းတွေ
(ကန်တော့)
၁။ မင်္ဂလာပါဆရာရှင့် အသက်က ၂၅ထဲမှာပါ။ မိန်းကလေးပါရှင်။ လွန်ခဲ့တဲ့ ၄နှစ်တုန်းကတော့ ကျောက်ကပ် ဖြစ်ဖူးထားပါတယ် အခု ထပ်ဖြစ်နေလို့ပါရှင်။ ဆေးခန်းမပြပဲ ဆေးပဲဝယ်သောက်နေပါတယ်ရှင့်။ ဆေးနာမည်က Rowatinex ပါရှင်။ ဆီးလဲအောင့်တယ် ပြီးတော့ဗိုက်ကလဲနာနေတော့ ကျောက်ကပ်လက္ခဏလို့ပဲထင်လို့ ဆေးဝယ်သောက်ပြီးပဲ သက်သာအောင်လုပ်ပါတယ်။ ဆီးကအခုထိအောင့်နေတုန်းပဲရေသောက်နည်းတဲ့နေ့ဆိုရင် ဆီးက ပြန်အောင့်ပါတယ် ပီးတော့ဆီးသွားတဲ့အခါ အနံ့တွေပါပါတယ်ရှင့် အရင်ကအဲလိုမဖြစ်ဘူးပါဘူး အခုက စားထားတဲ့ အနံတွေက ဆီးသွားရင်ဆီးထဲမှာအနံ့တွေပါလာတော့ စိုးရိမ်လို့ပါရှင့် ဘာတွေများလုပ်သင့်ပါလဲရှင့် အကြောင်းပြန်ပြေးပါအုံးနော်ဆရာ
အိမ်ထောင်ရေး မသိ။ မပြောလည်းရတယ်။ မေးနည်းပါ ဘလော့မှာ ဖတ်လိုက ဖတ်နိုင်။ ကျောက်ကပ်ဖြစ်ဖူးထားပါတယ် ဆိုတာ ဘာလဲ မသိ။ ကျောက်ကပ်ရောဂါတွေက အမျိုးမျိုးရှိတယ်။ အိမ်ထောင် (အတူနေ) သူတွေမှာ မျိုးပွါားလမ်းနဲ့ ဆီးလမ်းမှာ ကူးစက်ရောဂါပိုရတတ်တယ်။
၂။ ဆရာ မင်္ဂလာပါ ကျမ အသက် ၂၃ ပါ သိချင်တာလေးရှိလို့ပါ ဒီနှစ်အတွင်း X Ray လေးကြိမ်ရိုက်ထားလို့ပါ အံဆုံးခွဲလို့ 9 လပိုင်းမှာတကြိမ် ခါးရိုးကိုရိုက်တာ ၁၁ လပိုင်းထဲမှာ နှစ်ကြိမ် နှာခေါင်းကို 7လပိုင်းမှာတကြိမ်ရိုက်ဖူးပါတယ် အဲ့တာ x Ray ရောင်ခြည်တွေတအားထိထားမှာ လန့်မိပါတယ် ဦးနှောက်အကျိတ်တွေဘာတွေဖြစ်မှာလည်းကြောက်ပါတယ် အဓိကသိချင်တာက X-ray က တနှစ်မှာ ဘယ်နှကြိမ်ရိုက်လို့ရပါသလဲ အခု x Ray ရိုက်ဖို့ရှိလာခဲ့ရင်တောင် အတော်လန့်နေလို့ပါရှင်
အိမ်ထောင်ရေး မသိ။ ရာသီ မသိ။ ကိုယ်ဝန်နဲ့ ဓါတ်မှန် သတိထားစရာတွေရှိတယ်။
Risks of an X-ray and Diagnostic ultrasound အာလ်ထွာဆောင်းနဲ့ ဓါတ်မှန်အန္တရာယ် https://doctortintswe.blogspot.com/2014/11/risks-of-x-ray-and-diagnostic-ultrasound.html
X-ray and Pregnancy ကိုယ်ဝန်နှင့် ဓါတ်မှန် https://doctortintswe.blogspot.com/2017/11/x-ray-and-pregnancy.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment