New Year Healthy Life Choices နှစ်သစ်အတွက် အကြံပြုချက်
• ကင်ဆာ (၁၀) မျိုးထဲက (၄) မျိုးဟာ လူနေမှုပုံစံပြင်တာနဲ့ ကာကွယ်နိုင်တယ်လို့ (ယူကေ) နိုင်ငံ ကင်ဆာ သုတေသန အသင်းရဲ့နောက်ဆုံးတွေ့ရှိချက်က ဆိုပါတယ်။
• ၂၀၀၇ ကနေ ၂၀၁၁ အတွင်း လူနာပေါင်း ၃ သိန်းကို ၅ နှစ်တာ လေ့လာမှုအရ ဆေးလိပ်ဖြတ်ခြင်းကနေ ကင်ဆာကို ရှောင်ရှားနိုင်စေတယ်။
• ကင်ဆာကိုရှောင်ဘို့ နောက်တနည်းက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက် ရွေးချယ်တတ်မှုဖြစ်ပါတယ်။ လူပေါင်း ၁၄၅၀၀၀ မှာ ပြုပြင်ထားတဲ့အစားအသောက်နဲ့ ကင်ဆာဆက်စပ်နေကြတယ်။
• အရက်ကိုဆင်ခြင်ဘို့နဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဘို့လဲ ပါဝင်တယ်။ ၆၂၂၀၀ ယောက်မှာ ကင်ဆာနဲ့အရက် ဆက်စပ်နေကြတယ်။
• ၈၈၀၀၀ ယောက်မှာ အဝလွန်တာနဲ့ ကင်ဆာဆက်စပ်နေကြတယ်။
• နေလောင်ခံရတာလဲ ကင်ဆာနဲ့ဆက်စပ်တယ်။
• ဆေးလိပ်၊ အရက်၊ အစားအသောက်၊ အဝလွန်တာနဲ့ နေလောင်ခံရတာတွေက ကင်ဆာဖြစ်စေတဲ့ (၅) ချက်ဖြစ်တယ်။
• လူဦးရေ ၆၁ သန်းရှိတဲ့ (ယူကေ) မှာ အဲလို ကာကွယ်နိုင်မဲ့သူပေါင်း ၆ သိန်းရှိတယ်။
• သန်း ၅၀ ကျော်တဲ့ မြန်မာပြည်မှာ လူဦးရေ ၅ သိန်းကို ကင်ဆာဖြစ်မှာကနေ ကာကွယ်နိုင်စရာရှိတယ်။
• ၂၀၂၅ နှစ်သစ်မှာ ဒီအကြံပြုချက်ကို လိုက်နာကြပါလို့ အကြံပြုလိုက်ပါရစေ။
Tips For A Healthy New Year
ဒေါက်တာတင့်ဆွေ
Comments
Post a Comment