OD တနေ့တကြိမ်

(၂၀၁၈ ခုနှစ်က ဒီလိုနေ့မှာ ရေးထားတာကို ဖြည့်စွက်ချက်နဲ့ တင်ပြပါတယ်။)

ဆရာဝန်တွေက ဆေးစာရေးရင် အတိုကောက်စာလုံးတွေကို သုံးတယ်။ တကမ္ဘာလုံးကဆရာဝန်တွေက သုံးပါတယ်။ ဆေးဆိုင်တွေကလည်း ဖတ်တတ်တယ်။ မြန်တယ်။ တိကျတယ်။

OD တနေ့တကြိမ်

BD/BID တနေ့နှစ်ကြိမ်

TDS တနေ့သုံးကြမ်

QID တနေ့လေးကြိမ်

PRN/SOS လိုအပ်တဲ့အချိန်

HS/BT အိပ်ရာဝင်ချိန်

CM မနက်အိပ်ရာထချိန်

စိတ်ကျရောဂါဆေး၊ အလာဂျီဆေး၊ ရင်ပူဆေးတွေကို တနေ့မှာ တကြိမ်တည်းသာ သောက်ရတယ်။ 

စိတ်ကျဆေးကို မနက်မှာသောက်ပါ။ 

အရိုးအားနည်းရောဂါဆေးကို မနက်မှာသောက်ပါ။ 

ရင်ပူသက်သောစေတဲ့ဆေးကို ညစာစားချိန်မှာသောက်ပါ။ 

အလာဂျီဆေးကို ညစာစားချိန်မှာသောက်ပါ။ 

ကိုလက်စထောကျဆေးကို အိပ်ရာဝင်ချိန်မှာသောက်ပါ။ 

သွေးတိုးကျဆေးကို အိပ်ရာဝင်မှာသောက်ပါ။ 

ရီဖမ်ပစ်စင် ခေါ် တီဘီဆေးကို အစာမစာမီသောက်ပါ။ 

ကိုယ်ဝန်တားဆေးကို နေ့စဉ် အချိန်မှန်သောက်ပါ။

ကယ်လ်စီယမ်ဆေး အစာစားပြီးသောက်ပါ။

သံဓါတ်အားဆေး အစာမရှိချိန်သောက်ပါ။

ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေဆေးတွေကို အဆီပါတဲ့အစားအစာနဲ့အတူသောက်ပါ။

ဗီတာမင်ဘီအုပ်စုဆေး မနက်တကြိမ် ညနေတကြိမ်သောက်ပါ။

ဗီတာမင်စီကို မနက်တကြိမ် ညနေတကြိမ်သောက်ပါ။

ငါးကြီးဆီကို မနက်တကြိမ် ညနေတကြိမ်သောက်ပါ။

ပရိုဘိုင်အောတစ်ဆေးကို အစာမစာမီ မိနစ် ၃၀ ကြိုတင်သောက်ပါ။

မြန်မာလိုရေးရင်လည်း တိုတာ မြန်တာ မှန်တာရေးပါတယ်။ တနေ့တကြိမ်။ တညတပြား။ ခုခေတ် စာရေးဆရာတွေ၊ ကဗျာဆရာတွေလိုရေးနေရင် ရောဂါနဲ့ဆေးတွေ့ဘို့ အချိန်ပိုကြာတယ်။ 

မျက်ဖြူဆိုက်လေ မြန်မာစာဆရာကြိုက်လေ။ 

ဖြည့်စွက်ချက် -

ခေတ်ကပြောင်းပြီ။ ကွန်ပြူတာစနစ်ကိုသုံးလာကြသည်။ ယူအက်စ်အေမှာတော့ ဆေးဆိုင်တွေက ဆေးဝယ်သူအတွက် ဆေးပုလင်း၊ ဗူးမှာ ဘယ်လိုသောက်ရမယ်ဆိုတာကို ဝါကျနဲ့ အတိအကျ ရေးလာပါတယ်။

Women's Multivitamin Supplements | One A Day®

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ