The Most Dangerous Times on the Road လမ်းပေါ်မတော်တဆဖြစ်မှု အဆိုးဆုံးကာလများ

(၉ နှစ်တိတိကစာ)

အရက်သောက်ရင်း ကားမောင်းလို့ လမ်းပေါ်မှာ မတော်တဆဖြစ်မှုတွေ ဆိုးဆိုးဝါးဝါးဖြစ်စေတယ်။ ၂၀၀၁ ကနေ ၂၀၀၅ အတွင်း NHTSA မှတ်တမ်းတွေအရ တနေ့မှာပျမ်းမျှ ၃၆ ယောက်သေဆုံးခဲ့တယ်။ ခရစ်စမတ်နေ့မှာ နေ့စဉ် ပျမ်းမျှ လူ ၄၅ ယောက်သေဆုံးတယ်။ နှစ်သစ်ကူးနေ့မှာ ၅၄ ယောက်သေဆုံးခဲ့တယ်။ နွေရာသီမှာသက်သာတယ်။

ဆယ်ကျော်သက်တွေအတွက် အဆိုးဆုံးရက် ၁၀၀ ရှိတယ်။ အောက်မေ့ဘွယ်နေ့နဲ့ လေဘာဒေးကြားရက်တွေဖြစ်တယ်။ မေလနဲ့ သြဂုတ်လအတွေင်း ဟိုင်းဝေးလမ်းမတွေပေါ်မှာ ၁၀ ယောက်ဖြစ်တာ ၉ ယောက်သေဆုံးတယ်။

အဆိုးဆုံးက ဟောလီးဒေးတွေမှာဖြစ်တယ်။ ဥပမာ ဇူလိုင်လ (၄) ရက် အမေရိကန်လွတ်လပ်ရေးနေ့။ ပျမ်းမျှ ၄၄ ယောက်သေတယ်။ ခရစ်စမတ်နဲ့ နှစ်သစ်ကူးရက်ကြားမှာ သေဆုံးနှုန်း ၃၄% တိုးလာတယ်။ ၄၅ ယောက်သာ သေရာကနေ ၅၄ ယောက်အထိသေးလာတယ်။ စက်တင်္ဘာ (၂) နဲ့ သြဂုတ်လ (၁၃) ရက်တွေက ဒုတိယနဲ့ တတိယ လိုက်တယ်။ ဇူလိုင် (၁၅)၊ မေ (၂၀) နဲ့ နိုဝင်္ဘာ (၁၁) တွေက ဆက်လိုက်တယ်။ နှစ်သစ်ကူးအကြိုနေ့ ဒီဇင်္ဘာ (၃၁) ရက်က နံပါတ် (၇) လိုက်ပြီး၊ ၁၃၀ ပျမ်းမျှသေဆုံးတယ်။

ဒီလေ့လာဆန်းစစ်မှုက ယူအက်စ်အေမှာပါ။ ကျွန်တော်တို့တိုင်းပြည်အတွက်လည်း အသုံးကျတယ်။ အားလပ်ရက်တွေ မတူကြပေမဲ့ အဲလိုရက်တွေမှာ မတော်တဆဖြစ်မှုကနေ သေဆုံးကြတာတော့ အတူတူသာဖြစ်တယ်။ မြန်မာပြည်မှာ အရက်မူးပြီး သေဆုံး ဒဏ်ရာရတာတွေ လျှော့နည်း ပပျောက်ပါစေ။

ဒေါက်တာတင့်ဆွေ

၃၁-၁၂-၂၀၁၅

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ