ဆရာဝန်၏ ဒုက္ခတမျိုး

မက်ဆေ့ချ်တခု = ဦးလေး

မက်ဆေ့ချ်တခု = အဘ

မက်ဆေ့ချ်တခု = အန်ကယ်

မက်ဆေ့ချ်တခု = ဦးတင့်ဆွေ

ဆရာဝန်တဦးဦးကို တကယ်အမျိုးမတော်ဘဲ အကို၊ ဦးလေး၊ ဦးကြီး၊ အဘ၊ ဘဘ၊ ဘကြီး စသည် မခေါ်သင့်ပါကြောင်း အကြိမ်ပေါင်းများစွာ တင်ပြထားပါတယ်။ 

ယဉ်ကျေးတယ် ဘာရယ် ဘယ်လိုပြောပြော အွန်လိုင်းကနေ ဆောင်ရွက်ကြရတဲ့ ဆရာဝန်တွေအတွက် နားလည်မှု အခက်အခဲ ရှိတယ်။

အွန်လိုင်းပေါ်က သူ့လူနာကို ဆရာဝန်က မြင်ရတာမဟုတ်။ ကလေး-လူကြီး မသိရ။ ကျား-မ မသိရ။

အမျိုးဆိုရင် ဘယ်သူ့သားသမီးလဲ ပြန်မေးရ။

ကျွန်တော့မှာ အမျိုးတွေ အများကြီး။ ဦးလေးနဲ့ အဘ လို့ခေါ်သူ မရှိပါ။ အကို ခေါ်သူလည်း မရှိပါ။ ဘယ်လိုခေါ်ရင် ဘယ်သူ့သားသမီးလို့ သိတယ်။

နောက်တချက် ဆရာဝန်တွေဟာ အမျိုးရင်းတွေကို အရေးကြီးရောဂါအတွက် ကိုယ်တိုင် ဆေးမကုကြရပါ။ ကျင့်ဝတ်။

ဆရာဝန်နဲ့ လူနာဆက်ဆံရေး စည်းကမ်းရှိတယ်။ ရေးထားတယ်။

မလိုရ မပိုရ။ 

လူ့နာ့အတွင်းရေးကို တခြားသူတွေသိစေအောင် မလုပ်ရ။

အပြန်အလှန် လေးစားသမှုရှိရတယ်။ 

အမျိုးသားဆရာဝန်ကို 'ဆရာ'၊ 

အမျိုးသမီးဆရာဝန်ကို 'ဒေါက်တာ'။ 

'ဆရာကြီး' ဆိုရင်ကို ပြောစရာရှိလာပြီ။ ဆေးရုံအုပ်ကြီးကိုသာ 'ကြီး' ထည့်ခေါ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Allergic skin အရေပြား အလာဂျီ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ