Cervical stenosis သားအိမ်အဝလမ်းကျဉ်းနေခြင်း
(ကန်တော့)ဆရာ ကျွန်မ အသက် ၃၅ နှစ်ပါ။ ကလေးလိုချင်လို့ အမျိုးသားအဝေးကပြန်လာချိန်ကြိုးစားတာ အဆင်မပြေပါ။ HSG စစ်တာ စစ်မရလို့ပဲသိရပါတယ်။ ရှင်းပြပေးပါရှင်။ ကျေးဇူးတင်ပါတယ်။
သားအိမ်အဝ အတွင်းပေါက် ပိတ် (သို့) ကျဉ်းနေ။ အဲတာကို အိုဂျီက ဘာလုပ်ပေးမလဲ မသိပါ။
အဲ့လိုဖြစ်ရင် ကုသပြီး ကလေးရနိုင်ပါသလားဆရာ။ ကျွန်မ ကလေးရနိုင်ဖို့ မျှော်လင့်ချက်မရှိဘူးလားရှင့်။
ဆရာကတော့ ပြောမရ။
IUI လုပ်ရင်ရော ရနိုင်မလား ဆရာ။
သာအိမ်အဝလမ်းကျဉ်းနေတယ်ဆိုတာ တချို့မှာဖြစ်တယ်။ သားအိမ်ဝ (တချို့က သားအိမ်ခေါင်းလို့ခေါ်ကြတယ်) သားအိမ်လည်ပင်းလို့ပြောတာက ပိုနီးစပ်တယ်။ အပေါက်ရှိတယ်။ အတွင်းဖက်ပေါက်နဲ့ အပြင်ပေါက်လို့ ရှိတယ်။ မေးတဲ့သူမှာ အတွင်းပေါက်ကျဉ်းနေတယ်လို့ထင်တယ်။ တစိတ်တပိုင်းသာကျဉ်းတာဖြစ်တယ်။ တချို့က လုံးလုံး ပိတ်နေတယ်။ သွေးဆုံးပြီးအမျိုးသမီးတွေမှာ ဖြစ်တယ်။ သွေးမဆုံးခင်မှာ ပိုးဝင်လို့ အနာကျက်ဖြစ်စဉ်အရ ထူထဲရာကနေ လမ်းကျဉ်းမယ်။ တခါတလေ သွေးဆင်းမယ်။ နာမယ်။ ပိတ်မယ်။
တချို့မှာ မွေးရာပါဖြစ်တယ်။ colposcopy, cone biopsy, or a cryosurgery procedure ခေါ် သားအိမ်ဝကို ပစည်းကရိယာတွေသုံးပြီး စစ်ဆေးစမ်းသပ်မှုတွေကြောင့်လည်း ကျဉ်းနိုင်တယ်။ ထိခိုက်ဒဏ်ရာကြောင့်လည်းဖြစ်နိုင်တယ်။ မွေးလမ်းကြောင်း မကြာခဏပိုးဝင်လို့လည်းဖြစ်နိုင်တယ်။ သွေးဆုံးခြင်း၊ သားအိမ်ဝကင်ဆာနဲ့ ဓါတ်ကင်ရခြင်းတွေကနေလည်း ဖြစ်နိုင်တယ်။
ဘယ်လိုကုသမလဲ
ချဲ့ပေးနည်းလုပ်နိုင်တယ်။ ကလေးမွေးလို့ ကျယ်လာနိုင်တယ်။ အမာရွတ်ကြောင့်ဖြစ်တာကို လေဆာနဲ့ပြုပြင်နိုင်တယ်။ hysteroscopic shaving of the cervical tissue နည်းဆိုတာလည်းရှိတယ်။
အဲလိုဖြစ်သူတွေ Endometriosis ခေါ်သားအိမ်ရောဂါဖြစ်နိုင်တယ်။ ကလေးမရဖြစ်နိုင်တယ်။ Intrauterine insemination (IUI) နည်းနဲ့ in vitro fertilization (IVF) နည်းတွေနဲ့ ကလေးရအောင်ကြိုးစားနိုင်ပါတယ်။
ဒေါက်တာတင့်ဆွေ
၂၇-၁-၂၀၁၇
Comments
Post a Comment