Doctor-patient relationship လူနာ-ဆရာဝန် ဆက်ဆံရေး

ကွန်မင့်တခု = အမျိုးသမီးဆရာဝန်ကို ဆရာမလို့ ခေါ်လို့မရတာလား ဆရာ။

မရဘူးလို့တော့ မရှိပါ။ ဘယ်လိုခေါ်ခေါ် ဆေးကုပေးကြပါတယ်။ သူနာပြုနဲ့ သားဖွားဆရာမတို့နဲ့ ရောထွေးနိုင်တယ်။ 

ခေါ်ချင်သူတွေကတော့ ထင်သလို ကြိုက်သလို ခေါ်နေကြပါတယ်။

ကျွန်တော်တို့ ဆေးကျောင်းသားခေတ်မှာ အထူးကုအဆင့် အမျိုးသမီးဆရာဝန်မကြီးတွေကို မမ လို့သာ ခေါ်တယ်။

အထူးကုအဆင့် အမျိုးသားဆရာဝန်ကြီးတွေကို ဆရာ ဦး ( - )၊ ဒေါက်တာ ( - ) လို့ အဆင်သင့်သလို ခေါ်ကြတယ်။

ယူအက်စ်အေမှာ ဒေါက်တာ ( - ) လို့ မည်တပ်ခေါ်ကြတယ်။

ဒီတိုင်းပြည်မှာ ဆရာဝန်၊ သူနာပြုတွေက သူတို့အမည်နဲ့ လူနာကို မိတ်ဆက်ပေးကြတယ်။ ကျွန်တော် ( - ) ပါ။ ကျမ ( - ) ပါ။

ကျောင်းတွေ၊ အလုပ်ဌာနတွေမှာလည်း လူအမည်၊ နောက်ဆုံး အမည်ကို သုံးကြတယ်။ သူတို့ယဉ်ကျေးမှု။

အမျိုးတပ်ခေါ်တာ မရှိပါ။ 

ဒေါက်တာ။ သူနာပြုကို ခေါ်ချင်ရင် ဥပမာ အေမီ၊ ကက်သရင်း စသဖြင့်။

Share your name ကျွန်တော်/ကျမ နာမည်က ( - ) ပါ။

Share your credentials ကျွန်တော်/ကျမက ဆရာဝန်/သူနာပြု ဖြစ်ပါတယ်။

မြန်မာပြည်မှာတော့ နေရာတိုင်းလိုလိုမှာ ယဉ်ကျေးမှု အတည်တကျမရှိ။ ကြုံသလို ကျပန်း။ နည်းလာနေသလား မသိ။ 

အဲလို စကားပြော၊ စာရေး၊ အခေါ်အသုံးတွေ ကျဆင်းလာတာ မကောင်းပါ။

လူတဦးဦးကို ယဉ်ယဉ်ကျေးကျေး၊ တလေးတစား၊ တည့်မှန်စွာ ခေါ်ဆိုခြင်းဟာ အခေါ်ခံရသူကိုသာမက ခေါ်တဲ့သူရဲ့ ဂုဏ်ကိုပါ တက်စေတယ်။

ဆရာဝန်နဲ့ လူနာဆက်ဆံရေးဆိုတာ တည်တည်တန့်တန့် အပြန်အလှန်လေးစားမှု လိုအပ်တယ်။ တွယ်ကပ်မှု အမျိုးစပ်မှု မပါရပါ။ ယဉ်ကျေးမှု ရှိအပ်တယ်။

Doctor-patient relationship (1) လူနာ-ဆရာဝန် ဆက်ဆံရေး (၁) https://doctortintswe.blogspot.com/2015/09/doctor-patient-relationship.html

Doctor-patient relationship (2) ဆရာ-လူနာ ဆက်ဆံရေး (၂) https://doctortintswe.blogspot.com/2015/04/doctor-patient-relationship-3.html

Doctor-patient relationship (3) ဆရာ-လူနာ ဆက်ဆံရေး (၃) https://doctortintswe.blogspot.com/2017/04/doctor-patient-relationship-3.html

Doctor-patient relationship (4) ဆရာဝန် လူနာ ဆက်ဆံရေး (၄) https://doctortintswe.blogspot.com/2019/07/doctor-patient-relationship-4.html

Doctor-patient ဆရာကြီး မဟုတ်ပါ https://doctortintswe.blogspot.com/2017/12/doctor-patient.html

The Doctor-Patient Relationship | Patient Satisfacton | National

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Allergic skin အရေပြား အလာဂျီ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ