Edward Syndrome ရောဂါ
ဆရာရေ Edward Syndrome ရောဂါအကြောင်းရေးပေးပါလားရှင့် edward ကလေးမွေးထားတဲ့မေမေပါ ၆ လရှိပါပြီးကလေးက
Edwards syndrome ဆိုတာ
မွေးရာဂါရောဂါတခု ဖြစ်တယ်။ trisomy 18 မျိုးဗီဇချို့ယွင်းချက်ပါလာတာ။ chromosome 18 အပိုတခုပါနေတာ။
နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ အူ၊ အစာအိမ်တို့မှာ ချို့ယွင်းချကတွေပါနေမယ်။
ကလေးဦးခေါင်းအရွယ်အစား သေးမယ်။ မေးရိုးသေးမယ်။ ခြေဖနောင့်ထင်ရှားမယ်။ မျက်နှာက တခြားကလေးတွေနဲ့ မတူပါ။
၉၀% လောက်မှာ မွေးရာပါနှလုံးရောဂါ ပါတယ်။
အစားအစာကျွေးရတာ ခက်တယ်။
အသက်ရှူရ ခက်မယ်။
ပျောက်အောင် ကုသလို့ မရပါ။ ဆောရီး။
အသက် ၁ နှစ်ထိရှင်တာ ၅% ရှိတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment