Livedoid vasculopathy ရောဂါဆိုတာ

(ပုံအတွက် ကန်တော့။)

ကျေးဇူးအထူးတင်ပါတယ်ဆရာရှင့်။ ရောဂါအကြောင်းဆက်မေးပါရစေဆရာ။ အခု ကျွန်မ ခြေထောက် နှင့် ခန္ဓာကိုယ်မှ ရောဂါအား အရေပြားဆရာဝန်မှ Livedoid vasculitis နှင့် Livedoid vasculopathy ဟု သတ်မှတ်ပါတယ် ။ ရောဂါပြင်းထန်ချိန်တွင် ခြေထောက်အနာများကြောင့် လနှင့်ချီ၍ အိပ်မရအောင် ခံစားရပါသည်ဆရာရှင့်။ ရောဂါလက္ခဏာ များမှာ ရောဂါအမည်နှင့် ခံစားရသည်များ ကိုက်ညီခြင်းရှိသော်လဲ  ဆရာဝန်ပေးသော ဆေးများမှာ သက်သာခြင်းမရှိပါရှင့်။ ဆရာဝန်မှ PENTOXIFYLLINE ER 400 mg တနေ့လျှင် 3ကြိမ်နှင့် Asprin 81 Mg 1ကြိမ် သောက်ခိုင်းပါသည်။ ကျွန်မသည် ယခု ( - )မှာ နေထိုင်ပါသည်ရှင့်။ သို့ဖြစ်ပါ၍ ရောဂါနှင့်ပတ်သက်သော အကြောင်းအရာနှင့် မည်သို့ ဆင်ခြင်နေထိုင်စားသောက်ရမည်ကို ဆရာထံမှ ညွှန်ကြားအကြံပြုချက်ကို သိပါရစေရှင့်။ လိုအပ်သည့် Supplements များလဲ ညွှန်ကြားပေးပါရှင့်။ လေးစားစွာဖြင့်

Livedoid vasculopathy ဆိုတာ ရှားပါးတဲ့ အရေပြားအနာရောဂါဖြစ်တယ်။ 

ခြေထောက်မှာ ဖြစ်တယ်။ အရေပြား အရောင်ပြောင်းမယ်။ နာတဲ့ အနာတွေပေါက်မယ်။ အမာရွတ်ထင်ကျန်ရစမယ်။

ဘာလို့ဖြစ်သလဲ သေချာ မသိပါ။

ကုသနည်း

ဖြစ်စေတဲ့အကြောင်းခံ မသိရလို ခံစားရတာကိုသာ သက်သောအောင် လုပ်ပေးရတယ်။

nonsteroidal anti-inflammatory drugs (NSAIDs) ခေါ် အနာသက်သာဆေး၊

tricyclic antidepressants ခေါ် စိတ်မကျဆေး၊

gabapentin, pregabalin ခေါ် အာရုံကြောနာတာသက်သာဆေးနဲ့

antiepileptics အတက်သက်သာဆေးတွေ ပေးရတယ်။

Intravenous immunoglobulin (IVIG) ထိုးဆေးလည်း နာလွန်းတာအတွက် ထိုးပေးတယ်။

အလားအလာ

အသက်ကို အန္တရာယ် မပေးပါ။

တခါတခါ ရောဂွမပေးဘဲ လတွေ၊ နှစ်တွေကြာနေနိုင်တယ်။

အားဆေး၊ ဖြည့်စွက်စာ စတဲ့ တခြားဆေးတွေ မလိုအပ်ပါ။

Livedoid vasculopathy - Altmeyers Encyclopedia - Department Vascular medicine

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Allergic skin အရေပြား အလာဂျီ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ