Marburg virus disease (MVD) ရောဂါ
ရောဂါဖြစ်နေသူ အသက်-ကျား-မ မသိရ။ ဘယ်နေရာမှာ ဘာဖြစ်နေ၊ ဘယ်လိုခံစား မသိရ။ ဘယ်လောက်ကြာပြီ မသိရ။
ဆရာဝန်ကတော့ မဖြေတတ်ပါ။ ဆောရီး။
Infection Marburg disease ဆိုတဲ့ကူးစက်ရောဂါ ရဲ့ လကွဏာလေးကို မေးတာပါရှင့်ဆရာ
Marburg virus disease (MVD) ရောဂါ
ရှားပါးတဲ့ ဗိုင်းရပ်စ်ရောဂါတမျိုးဖြစ်တယ်။ သွေးထွက်မယ်။ ဖျားမယ်။ ဆိုးဝါးပြီး သေစေနိုင်တယ်။
လူနာနဲ့ တိုက်ရိုက်ထိတွေ့မှုကနေ ကူးစက်တယ်။
လင်းနို့ စတဲ့ အကောင်နဲ့ လူနာရဲ့ ခန္ဓာကိုယ်အရည်ကို ထိတွေ့မိခြင်း။
မျက်နှာပြင်ပေါ်ကျန်နေတဲ့ ပိုးတွေကို ထိကိုင်မိရင် ကူးစက်တယ်။
လူနာရဲ့ သွေးကနေလည်း ကူးစက်တယ်။
ဆေးရုံသုံး ကရိယာတွေမှာ ပိုးပါနေရင်လည်း ကူးစက်နိုင်တယ်။
ရောဂါလက္ခဏာများ
ဖျား၊ အရေပြားအနီပြင်ထွက်၊ ဆိုးတိုးဝါးဝါးသွေးယို၊ ခေါင်းကိုက်၊ မအီမသာဖြစ်။
ကုသနည်း
လိုအပ်တာတွေကို ကုသပေးရ။ ဖြည့်ပေးရ။
အောက်စီဂျင် စစ်ဆေးနေရ။ လိုရင်ပေးရ။
ထပ်ဆင့်ပိုးဝင်တာရှိရင် ကုသပေးရ။
စောစော ICU မှာ ကုသပေးနိုင်ရင် အလာအလာကောင်းနိုင်။
ကာကွယ်ဆေး မရှိသေး။
ဗိုင်းရပ်စ် သေဆေး မရှိ။
လူနာသေဆုံးရင် လိုက်နာရမဲ့ စည်းကမ်းတွေရှိတယ်။
Marburg virus disease
ဒေါက်တာတင့်ဆွေ
Comments
Post a Comment