Menopause သွေးဆုံးရင်

(ကန်တော့)

၁။ ကျမအသက်(၄၅)သမီး(၂)ယောက်အမေပါရှင့် သားဥအိမ်(၂)ဘက်လုံးမှာသွေးလုံး၊ သားအိမ်အသားလုံးကြောင့် သားအိမ်၊သားဥအိမ်၊အူအတက် အကုန်ထုတ်ထားပီး(ပြီး) အခု(၆)လပြည့်မှာ OG က renorma ဆေး(၃)လသောက်ခိုင်းပြီး၊ oestrogel လိမ်းဆေး ဗိုက်တနေ့တကြိမ် လိမ်းရပါတယ်ရှင့်၊ renorma, oestrogel ဆေးတွေအကြောင်း ဆရာတင်ထားတာလဲဖတ်ပါတယ်ရှင့်၊အခုကျမခံစားနေရတာ အိပ်ရေးဝအောင်အိပ်လဲ(လည်း) မနက်နိုးလာရင် တကိုယ်လုံးညောင်းချိ အကြောတွေတင်း လူကမလန်းပဲ တနေ့လုံး အိပ်ချင်အိပ်ငိုက်နေတာ တော်တော်ခံရခက်ပါတယ်ရှင့် လူကလန်းဆန်းပေါ့ပါးမနေပဲ ထိုင်းမှိုင်း အကြောတွေထက် ခြေသလုံးတွေတင်းခြေဖဝါးလဲ(လည်း) နဲနဲနာနေလို့ပါဆရာ တနေ့ မိနစ်(၃၀)တော့ ရအောင်လမ်းလျှောက်ပါတယ်ရှင့် အခုခံစားနေရတာတွေ သက်သာအောင် ဘာဆေးထပ်သောက်ရမလဲ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဆရာရှင့်

၂။ အသက်က ၄၀ ကျော် ၅၀ နီး စိတ်နဲ့ကိုယ်ကမကပ် တခါတလေ ဒေါသထွက်တယ် စိတ်တိုတယ် ဝမ်းနည်းတယ် အားငယ်တယ် စိတ်ဓာတ်ကျတယ် ဘာတွေဖြစ်မှန်းကို မသိတော့ဘူး သေမင်းနဲ့နှစ်ပါးသွားချင်‌တော့တာ ထင်တယ်။

(၂) က တင်ထားတာတခု ဖြစ်ပါတယ်။ အဲလိုဖြစ်နေသူဟာ အမျိုးသမီးသာဆိုရင်တော့ သွေးဆုံးချိန်ကို သေချာပေါက် စဉ်းစားရပါမယ်။ ကန်တော့။ 

သွေးဆုံးတော့မယ်ဆိုရင် စိတ်မူပြောင်းသူများတယ်။ Mood swing လို့ ခေါ်တယ်။

anxiety စိုးရိမ်စတ်ကဲခြင်း၊

stress စိတ်ဖိအားများခြင်း၊

depression စိတ်ဓါတ်ကျခြင်းတွေ ခံစားရနိုင်တယ်။

anger and irritability ဒေါသလည်း ခါတိုင်းထက်ကြီးမယ်။

Menopause (1) သွေးမဆုံးခင်နဲ့ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၁) https://dr-tint-swe.blogspot.com/2020/12/menopause-1.html

Menopause (2) သွေးမဆုံးခင်နဲ့ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၂) https://dr-tint-swe.blogspot.com/2023/01/menopause-2.html

Women အရွယ်ရ အမျိုးသမီးများသို့ https://dr-tint-swe.blogspot.com/2022/10/women.html

Menopause ဆေးညွှန်းမှာ ထောက်ပြစရာ အများကြီးပါနေတယ် https://dr-tint-swe.blogspot.com/2022/04/menopause.html

Femoston သွေးဆုံးသူများအတွက်ဆေး https://dr-tint-swe.blogspot.com/2021/01/femoston.html

Isoflavones ပဲပုပ်ဆေး https://dr-tint-swe.blogspot.com/2021/11/isoflavones.html

Estrogen အီစထိုဂျင် ဟော်မုန်း (၂) https://dr-tint-swe.blogspot.com/2024/11/estrogen.html

Estrogen အီစထိုဂျင် ဟော်မုန်း https://dr-tint-swe.blogspot.com/2021/05/estrogen.html

Estrogen အီစထိုဂျင်ဆိုတာ https://dr-tint-swe.blogspot.com/2021/08/estrogen.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ