White carrot Health benefits မုံလာဥဖြူ
Daucus carota လို့ခေါ်တဲ့ မုန်လာဥဖြူမှာ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိပါတယ်။
ဗီတာမင် A များစွာပါဝင်သဖြင့် မျက်စိအမြင်အာရုံ (ကြက်မျက်စိ)၊ ကိုယ်ခံအားနှင့် အရေပြားကျန်းမာရေးတို့ကို ကောင်းစေသည်။
ဗီတာမင် C ကြွယ်ဝစွာပါဝင်သဖြင့် ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး အသားအရေအတွက် ကော်လာဂျင် ထုတ်လုပ်မှုကို ကူညီပေးသည်။
ဗီတာမင် K လည်းပါသဖြင့် သွေးခဲခြင်းနှင့် အရိုးကျန်းမာရေးအတွက် ကောင်းစေသည်။
အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး အစာချေဖျက်မှုနဲ့ အစာအိမ်ကျန်းမာရေး ကောင်းစေသည်။
သွေးဖိအားကို ထိန်းညှိပေးပြီး နှလုံးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ပိုတက်စီယမ်ဓာတ်လည်း ပါဝင်ပါတယ်။
အာဟာရဓာတ်များပြီး ကယ်လိုရီနည်းသော အမြစ်ဟင်းသီးဟင်းရွက်ဖြစ်သည်။
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
ဦးနှောက်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်သည်။
အခြားအသုံးပြုမှုများ
မုန်လာဥဖြူ၏ မရှိမဖြစ်လိုအပ်သောဆီထဲတွင် antihelmintic၊ antimicrobial၊ hypotensive နှင့် diuretic ဂုဏ်သတ္တိများ ရှိသည်။ ရိုးရာဆေးပညာတွင် အစာခြေခြင်းနှင့် ကျောက်ကပ်ကျန်းမာရေးအတွက် သုံးကြသည်။
သတိပေးချက်များ
ကျောက်ကပ်ကို ထိခိုက်စေနိုင်ပြီး ကျောက်ကပ်ပြဿနာများကို ပိုဆိုးစေပါသည်။
မုန်လာဥနီရိုင်းသည် သွေးဖိအားကိုထိခိုက်စေနိုင်ပြီး ခွဲစိတ်မှုအတွင်းနှင့် အပြီးတွင် သွေးတိုးတိုင်းတာရာမှာ အနှောင့်အယှက်ဖြစ်စေနိုင်သည်။
ဆေးဖက်ဝင်ရန်အတွက် မုန်လာဥအရိုင်းကို အသုံးမပြုမီ ကျန်းမာရေးစောင့်ရှောက်မှုကျွမ်းကျင်သူနှင့် တိုင်ပင်သင့်သည်။
မှတ်ချက်
- မြန်မာလိုရေးသားပြီး တင်နေကြတဲ့ ကျန်းမာရေးအသိပေးစာတွေ အများအားဖြင့် မမှန်ပါ (မမှန်ပါ)။ ဆေးသုတေသနနဲ့ ကိုက်ညီတာ ရှားတယ်။
- အခုတလောက် ထပ်တင်နေကြတဲ့ ကင်ဆာဆိုတာတွေ၊ ဖန်းဂတ်စ် ခေါ်မှိုတက်နေတာကြောင့် အသည်းကင်ဆာ ဘာညာဆိုတာတွေ မမှန်ပါ။
- တချို့ပညာပေးစာတွေက မှားတာတော့ မဟုတ်ပေမဲ့ ဆေးရောင်းချင်လို့ ရေးတာတွေ။
- လူအများစုက နေ့တိုင်းလိုလို သို့မဟုတ် မကြာခဏစားသုံးတဲ့အစာအသောက်အားလုံး ကျန်းမာရေးအတွက် ကောင်းပါတယ်။
- အမျိုးအမည်တခုခုအကြောင်းတင်လိုက်ရင် လောကကြီးမှာ အဲဒါထက်ကောင်းတာမရှိသလို ထင်ရင် မှားပြီ။
- အူဆေးမယ်၊ သွေးသန့်မယ်၊ အဆိပ်တွေရှင်းမယ်၊ ကျောက်ကပ် ဘာညာ မမှန်ပါ။
What Are White Carrots: Are They Just Parsnips?
ဒေါက်တာတင့်ဆွေ
Comments
Post a Comment