ဗိန္ဓောဆေး

အခုတလော ထိုင်းနိုင်ငံမှာ မြန်မာပြည်ကလာတဲ့ဆေး ဖမ်းဆီးရမိဆိုတဲ့ သတင်းကို တယောက်ပြီးတယောက်က တင်နေကြတယ်။ ရေးထားတာက သဘာဝ ဗိန်းတောဆေးတဲ့။ 

မူရင်းသတင်းတင်သူက ၂၄-၃-၂၀၂၂ နေ့က။ ဘန်ကောက်သားဆိုသူက တင်ထားတာ။

သတင်းကလည်း ဟောင်း။ သတင်းမှာရေးတဲ့စာလည်း မှားတယ်။

အဲဒီသတင်းပါပုံကို တွဲမတင်တော့ပါ။

လူအများစုက အတု၊ အလိမ်၊ အညာဆိုရင် အလွန်သဘောကျကြတယ်။ တယောက်ပြီးတယောက်က လိုက်တင်ကြ ပို့ကြတယ်။ မြန်မာပြည်မှာ။

မြန်မာဗိန္ဓောဆေးလည်း နာမည်ပျက်တယ်။

စာလုံးပေါင်း သတ်ပုံမမှန်ရင် ဆေးလည်းအတု၊ သုတလည်းအတု၊ ရသလည်းအတု၊ သတင်းလည်းအတု၊ တရားလည်းအတု။ လူကြိုက်ကတော့ များတယ်။ မြန်မာလိုရေးကြတာတွေ။

Medicinal plants & Herbs - Google Play ရှိ အက်ပ်များ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ