နာရေး
အသက်ကြီးရင် သေတတ်တယ်ဆိုတဲ့စာကို တယောက်ပြီးတယောက်က တင်ကြတယ်။ မှားတော့ မမှားပါ။
၂၀၂၃ ခုနှစ်က ကုလသမဂ္ဂ လူဦးရေဆန်းစစ်ချက်ကို ကိုးကားပြီး တင်ပြပါမယ်။
အသက် သေဆုံးသူစုစုပေါင်း
၁၀၀ အထက် ၂၄၃၀၀၀ ယောက်
၉၅ - ၉၉ ၁့၃၁ သန်း
၉၀ - ၉၄ ၃့၆၄ သန်း
၈၅ - ၈၉ ၅့၉၆ သန်း
၈၀ - ၈၄ ၆့၈၁ သန်း
၇၅ - ၇၉ ၆့၅၈ သန်း
၇၀ - ၇၄ ၆့၅၉ သန်း
၆၅ - ၆၉ ၅့၇၅ သန်း
၆၀ - ၆၄ ၄့၄၈ သန်း
၅၅ - ၅၉ ၃့၅၉ သန်း
၅၀ - ၅၄ ၂့၆၃ သန်း
၄၅ - ၄၉ ၁့၈၆ သန်း
၄၀ - ၄၄ ၁့၅၀ သန်း
၃၅ - ၃၉ ၁့၂၂ သန်း
၃၀ - ၃၄ ၁့၀၄ သန်း
၂၅ - ၂၉ ၉၂၇၀၀၀ ယောက်
၂၀ - ၂၄ ၈၆၄၀၀၀ ယောက်
၁၅ - ၁၉ ၆၇၃၀၀၀ ယောက်
၁၀ - ၁၄ ၄၅၄၀၀၀ ယောက်
၅ - ၉ ၇၀၀၀၀၀ ယောက်
၀ - ၄ နှစ် ၄့၈၃ သန်း
ကောက်ချက်
အသက်ကြီးလာရင် သေဆုံးနိုင်မှု ပိုများလာတယ်။
အသက် ၈၀ - ၈၄ အရွယ်တွေ သေဆုံးမှု အရေအတွက် အများဆုံး။
မွေးပြီး ၄ နှင်အထိ သေဆုံးမှု များတယ်။
အရွယ်မရွေး သေဆုံးနိုင်တယ်။
မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာပြီး အသက်ရှည်ကြပါစေသတည်း။
Data source: UN, World Population Prospects (2024) – Learn more about this data
OurWorldinData.org/life-expectancy | CC BY
ဒေါက်တာတင့်ဆွေ
Comments
Post a Comment