Breast Cancer တောမှာ ရင်သားကင်ဆာ ကုသနည်း

တင်ထားတဲ့စာ = This Woman ရင်သားကင်ဆာ အဆင့် (၄) ရှိတဲ့အမျိုးသမီး

ကွန်မင့်များ

၁။ ဟုတ်ဆရာ စိတ်ကောလူကော လှမြဲတိုင်းလှနေအောင် ကြိုးစားရှင်သန်သွားပါမယ်။

၂။ ကျွန်တော့်ကုသိုလ်ပြုဆေးခန်းလေးကို လာတဲ့ ရင်သားကင်ဆာဖြစ်နေတဲ့နွမ်းပါးတဲ့ ကျေးလက်ကအမျိုးသမီး ငါးဦးလောက်ရှိနေတယ်ဆရာခင်ဗျ၊အချို့က အတော့်ကို အခြေအနေဆိုးတာ ကင်ဆာဖောင်းဒေးရှင်းတွေနဲ့ဆက်သွယ်ပေမယ့်လည်း အဆင်မပြေဘူး၊ အတော်လေး စိတ်မကောင်းဖြစ်ရတယ်ဆရာရယ်၊ကျွန်တော် ဘာလုပ်ပေးရမှန်းကိုမသိဘူး ဖြစ်နေတယ်ဆရာရယ်။

ဟုတ်။

ကျွန်တော် ၁၉၇၂ ခုနှစ်မှာ ဆေးကျောင်းကပြီးတယ်။ တနှစ်တာ 'ဟောက်ဆာဂျင်' ခေါ် အလုပ်သင်လုပ်ပြီးတာနဲ့ အလုပ်ဝင်ရတယ်။ တနှစ်ခွဲလောက်သာ မုံရွာဆေးရုံမှာ တာဝန်ကျပြီးတော့ တောနယ်တခုမှာ တိုက်နယ်ဆရာဝန်လုပ်ရပါတယ်။ 

အသက်ကလည်းငယ်၊ အတွေ့အကြုံက မရှိ။ ခွဲစိတ်စရာ လက်နက်ကရိယာတွေလည်း မရှိပါ။ ဓါတ်မှန်ရိုက်ချင် အဝေးကြီးလွှတ်ရတယ်။ အာထွာဆောင်း မပေါ်သေး။

ဒါပေမဲ့ ရောဂါတွေကတော့ ဆရာဝန့်အရည်အချင်းမသိ။ ဆေးပစ္စည်းရှားတာ မသိ။ 

ရင်သားကင်ဆာလူနာတွေလည်း လာကြတယ်။ စစ်ဆေးစရာကို မလိုလောက်အောင်ထိ သိသာတဲ့အဆင့်ရှိသူတွေလည်း ပါတယ်။

တောဆရာဝန်လေး ငေးကြည့်နေလို့တော့ မဖြစ်။ 

ဆေးပညာစာလုံးလေး ထည့်ရေးဦးမယ်။ အဲဒီခေတ်မှာ Radical Mastectomy ခေါ် ရင်သားတခုလုံး + အောက်ခံကြွက်သားပြင်ကြီး ၂ခု + ချိုင်းထဲက ရှိရှိသမျှ တက်စေ့ ခေါ် ပြန်ရည်ကျိတ်တွေအကုန် ခွဲစိတ်ထုတ်ပစ်နည်း သုံးရတယ်။

မေးဆေးဆိုတာ မန္တလေးဈေးချို မှောင်ခို။ ကိုယ်တိုင်သွားဝယ်ရတာ။ 

ဆေးရုံက 'အီသာ 'နံ့ကို ဆရာဝန်ကတော်က ကိုက် ၃၀၀ လောက်အကွာ နေအိမ်ကနေရသတဲ့။

အဲလိုလူနာ ဘယ်နှစ်ယောက်လည်း မမှတ်မိပါ။ စာရင်းစာအုပ်လည်း အခုချိန်ဆို မရှိလောက်တော့။

ပြောလိုတာနဲ့ ချုပ်ပါမယ်။ 

ဟိုတနှစ်က လူနာတဦးရဲ့ သမီးလား သားလာ မသိက သူ့အမေ ရင်သားကင်ဆာကို ကျွန်တော်ခွဲပေးခဲ့တာ အခုထိအသက်ရှင်နေပါသတဲ့။

တောမှာ ဆရာဝန်လုပ်ရသူတယောက်အတွက် ဒိထက်ကောင်းတဲ့သတင်း ဘယ်မှာရှိပါ့မလဲ။

ပို့စ်အဟောင်းတွေထဲမှာ ရှိတယ်။

မြန်မာပြည်က ရင်သားကင်ဆာလူနာတွေ နေကောင်းကျန်းမာကြစေသတည်း။

Breast Cancer - What You Need To Know - Burjeel Hospital

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ