Cystic hygroma ဆစ်စတစ် ဟိုက်ဂရိုးမား
အာလ်ထွာဆောင်းအဖြေစာမှာ Cystic hygroma လို့ဖတ်ရတယ်။ ဆောရီး။ ကလေးလည်ပင်းမှာ မွေးရာပါမဲ့ ချို့ယွင်းချက်တခု ဖြစ်တယ်။ သွေးပြန်ရည်စနစ်နဲ့ ဆိုင်တယ်။
ကိုယ်ဝန် ပဉ္စမပတ်နောက်ကစပြီး သွေးပြန်ရည်စနစ်ဖွံ့ဖြိုးလာတယ်။ ကိုယ်ဝန် ၁ဝ ပတ်မှာ အာလ်ထွာင်ဆောင်းရိုက်ရင် ရှိနေရင် သိနိုင်တယ်။ ကလေးလည်ပင်းနေရာမှာ အရည်ထုထည်က ရှိသင့်တာထက်များနေမယ်။ increased nuchal fold လို့ရေးတယ်။ nuchal thickness ဒါမှမဟုတ် nuchal lucency လို့လည်းရေးတယ်။
ကိုယ်ဝန် ၁၅-၂၀ ပတ်မှာ သွေးစစ်ရင်လည်း သိနိုင်တယ်။ Alpha-fetoprotein (AFP) ကိုတိုင်းတာတာဖြစ်တယ်။
သေးသေးနည်းနည်းသာရှိရင် ပျောက်သွားနိုင်တယ်။ ၃-၄ ပတ်တခါ ထပ်စစ်နေရမယ်။ အများအားဖြင့်တော့ မသေးကြပါ။ ဆောရီး။ ၈၅% လောက်မှာ ဦးခေါင်းအရွယ်အစားထက် ကြီးနေတယ်။ အရည်များလွန်းတာကို Hydrops လို့ခေါ်တယ်။ ကလေးမရှင်နိုင်။
ခရိမိုဇုန်းမူမမှန်ရင် မကောင်းပါ။ မူမှန်တာဆိုရင် ၂ဝ ပတ်မှာ အဲတာပျောက်သွားနိုင်တယ်။ ၂၀ ပတ်မှာ ပျောက်မသွားရင် ကလေးကောင်းဖို့ ၂% ကနေ ၉% သာရှိတယ်။
ခရိမိုဇုန်းမူမမှန်တာ ၆၀% ရှိတယ်။ တခြားမျိုးဗီဇမူမမှန်တာတွေလည်းရှိနေနိုင်တယ်။ genetic syndrome လို့ခေါ်တယ်။ Turners, Noonan, Penashokeir, and Roberts syndromes; and Trisomies 13, 18, and 21 (Down syndrome) နာမည်အခေါ်တွေအမျိုးမျိုးရှိတယ်။
ခရိုမိုဇုန်းမူမမှန်လို့မဟုတ်ပဲ ဖြစ်တာရှိတယ်။ ဗိုင်းရပ်စ်ကူးစက်တာ၊ ကိုယ်ဝန်တောင်စဉ် အရက်သောက်တာ။
မွေးတဲ့အခါ ခွဲမွေးရနိုင်တယ်။ မွေးပြီးနောက် ကလေးကို အထူးကုဆရာဝန်တွေက စစ်ဆေး ကုသပေးရမယ်။ တချို့ကို ခွဲစိတ်ပေးရတယ်။
စာရေးတာက ဆေးပညာအချက်အလက်တွေအရ ရေးတာဖြစ်တယ်။ မေးတဲ့ကိုယ်ဝန် ကံကောင်းပါစေသတည်း။
ဒေါက်တာတင့်ဆွေ
၂၇-၂-၂၀၁၈
Comments
Post a Comment