Evening primrose oil ညနေခင်း နှင်းဆီ

၁။ မင်္ဂလာကပါရှင့် ဆရာ Primrose Oil အကြောင်းလေး ဆရာရေးသားထားတာ အရင်က ဖတ်ဖူးပါတယ် အသိမိတ်ဆွေကို ပြန်ရှဲပေးချင်လို့  အခု ပြန်ရှာနေတာ မတွေ့လို့ပါရှင့်

၂။ ဆရာရှင့် Eposoft (evening primrose oil 1000 mg) ဆိုတဲ့ဆေးအကြောင်းလေးသိချင်ပါတယ်ဆရာ။ သောက်ရင် ဘာတွေကောင်းပါသလဲဆရာ။

၃။ သမီးကို အခုဆရာဝန်က Eposoft နဲ့ Ranferon 12 ကိုသောက်ခိုင်းပါတယ်။ သမီးသိချင်တာက အားဆေးကို ရေရှည် စွဲသောက်လို့မရဘူးပြောလို့ သိချင်တာပါ။ အဲ့ဒါ အခုသောက်တဲ့ Eposoft ကိုရေရှည်စွဲသောက်လို့ ရ-မရ သ်ိချင်ပါတယ်။ တကယ်လို့ မသောက်ရဘူးဆိုရင်လည်း ဘာကြောင့်အားဆေးတွေကို ရေရှည်မှာ စွဲသောက်ခွင့်မပြုတာလဲ ဆိုတာကို အားလုံးသိအောင် ဗဟုသုတအနေနဲ့ ပြောပြပေးစေချင်ပါတယ်ဆရာ။

ဟာဗယ်ဆေး၊ ကြောငြာဆေးအမျိုးအစားဖြစ်ပါတယ်။

Evening primrose oil နဲ့ Eposoft ကို အဟာရဖြည့်စွက်စာအတန်းအစားအဖြစ်ရောင်းတာဖြစ်လို့ FDA ခွင့်ပြုချက်မလိုပါ။ Evening primrose oil ကို ဆေးကြော်ငြာတွေအရ ဒီရောဂါတွေမှာသုံးတယ်။ Eczema, Psoriasis ခေါ်တဲ့ နှင်းကူနာလို တာရှည်ကြာ အရေပြားအနာတွေ၊ ဝက်ခြံ၊ Raynaud’s syndrome, Multiple sclerosis (MS), Sjogren’s syndrome ရှားပါးရောဂါတွေ၊ ကင်ဆာ၊ ကိုလက်စထောများတာ၊ နှလုံးရောဂါ၊ သွေးကြောပိတ်လို့ ခြေထောက်နာတာ၊ အရက်နာ၊ Alzheimer’s disease နဲ့ Schizophrenia စိတ်ရောဂါ၊ ပန်းနာ၊ ဆီးချိုကြောင့် အာရုံကြော အားနည်းတာ၊ အဝလွန်တာ၊ ကြက်ညှာချောင်းဆိုး၊ Ulcerative colitis, Irritable bowel syndrome အူလမ်းရောဂါတွေ၊ လေနာ၊ ရင်သားနာတာ။

ဆေးကြော်ငြာမှာ ဒီလို ရေးထားတာ ဖတ်ရတယ်။ Evening Primrose Oil 1000 mg (gamma linolenic acid 100 mg) နဲ့ d a-tocopherol 5.03 mg (vitamin E 7.5 IU) ပါတယ်။ စိတ်တင်းကျပ်နေတာ၊ စိတ်တိုနေတာ၊ ရာသီလာချိန်မှာ နာတာ၊ ရင်သားတင်းနာတာ၊ ခေါင်းကိုက်တာနဲ့ ရင်ပြည့်တာတွေကိုသက်သာစေမယ်လို့ ဖတ်ရပါတယ်။ အဲတာ ဖတ်ရတာတွေသာဖြစ်တယ်။ ရေးထားတိုင်းတော့ အဟုတ်မထင်စေချင်ပါ။ ဆရာဝန်တိုင်းကတော့ အဲလို ဟာဗယ်ဆေးတွေကို မညွှန်ပါ။ ညွှန်တဲ့ဆရာဝန်လည်းရှိပါတယ်။ သုတေသနမစုံတော့ အကောင်း-အဆိုးနဲ့ ရေရှည်မှာ ဘာဖြစ်မလည်း မပြောနိုင်ပါ။

သုတေသနတွေအရ ထပ်သိရတာတွေကတော့ -

(က) အကျိုးရှိနိုင်လောက်တဲ့ ရောဂါတွေ = ရင်သားနာတာ၊ အရိုးအားနည်းတာကို ကယ်လ်စီယမ်၊ ငါးကြီးဆီတွေနဲ့ တွဲသုံးရင်။

(ခ) အကျိုးမရှိနိုင်လောက်တဲ့ ရောဂါတွေ = (PMS) ရာသီလာခါနီးဖြစ်တာတွေ သက်သာအောင်၊ (ADHD) ကလေး အာရုံစူးစိုက်မှုမကောင်းရောဂါ၊ နှင်းခူနာ။

(ဂ) လုံလောက်တဲ့ အထောက်အထားမရှိတဲ့ ရောဂါတွေ = (CFS) နာတာရှည် အားယုတ်တာ၊ Rheumatoid arthritis, Osteoporosis အရိုး-အဆစ်နာ၊ ကိုယ်ဝန်ဆောင်တွေဆိုရင် ကိုယ်ဝန်သွေးဆိပ် မတက်စေအာင်၊ မွေးတာမြန်အောင်၊ ကင်ဆာ၊ ဝက်ခြံ၊ (MS) မာလတီပယ်-စကယ်လ်ရိုးဆစ်၊ လေးဘက်နာ၊ နှလုံးရောဂါ၊ ကိုလက်စထောများတာ၊ အယ်လ်ဇိုင်းမား၊

(ဃ) ဗြိတိန်မှာ နှင်းခူနာနဲ့ ရင်သားနာတာတွေအတွက် သုံးခဲ့တယ်။

• အရက်ဆိပ်သင့်ခြင်း 500 milligram capsules တရက် ၆ တောင့်၊ ၇ ရက်။

• ရင်သားနာခြင်း 1-3 grams or 2.4 milliliters ၁-၆ တောင့် တနေ့ ၁-၃ ကြိမ်၊ ၆ လ။

• နှလုံးကျန်းမာရေး နေ့စဉ် 10-30 milliliters ၄ လ။

• ဆီးချို နေ့စဉ်၊ ၄ လ။

• ဆီးချိုကြောင့်အာရုံကြောရောင်ခြင်း 360-480 milligrams နေ့စဉ် ၁၂ လ။

• မျက်စိခြောက်ခြင်း ၆ လ။

• နှင်းခူနာ ၁-၄ တောင့် တနေ့ ၂ ကြိမ်၊ ၁၂ ပါတ်။

• ကိုလက်စထောများခြင်း 0.3 grams EPO တနေ့ ၃ ကြိမ်၊ ၁၆ ပါတ်။

• လူးပတ်စ်ရောဂါ 5 grams of EPO နေ့စဉ်။

• ရာသီမလာခင်ဖြစ်တာတွေ 500-6,000 milligrams of EPO ၆-၁၂ တောင့်၊ ၁၀လ။

• နာတာရှည်အဆစ်နာ 20-30 milliliters နေ့စဉ် ၃-၁၂ လ။

• စိတ်ရောဂါ 6-8 grams နေ့စဉ် ခွဲသောက်၊ ၂-၄ လ။

ဘေးထွက်ဆိုးကျိုးတွေကတော့ ခေါင်းကိုက်၊ အစာမကျေ၊ ပျို့၊ ဝမ်းပျော့။ ဆေးမသောက်ခင် ကိုယ်ဝန်ဆောင်နေရင်၊ ကလေးနို့တိုက်နေရင် ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ဘို့မျှော်မှန်းထားရင် ဆရာဝန်ကိုပြောပါ။ ကျွန်တော့်အမြင် ထိရောက်တဲ့ဆေးလို့ မထင်ပါ။ ရောဂါဖြစ်ရင် အဲတာကိုသာအားကိုမိနေမှာ စိုးတယ်။ MCA ကနေ ထိရောက်မှု သက်သေပြရာမှာ မခိုင်လုံလို့ဆိုပြီး လိုင်စင်ထုတ်မပေးတော့ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ