HAV အသည်းရောင်အသားဝါ (အေ)

မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများတွင် အသည်းရောင်အသားဝါ အေ (HAV) ပဋိပစ္စည်း ခေါ် အင်တီဘော်ဒီများ 100% နှုန်း ပါရှိကြောင်း လေ့လာမှုတခုအရသိရှိရသဖြင့် မြန်မာနိုင်ငံတွင် HAV အဖြစ်များကြောင်း သိရှိရသည်။ 

ဆေးသုတေသနအပါအဝင် သုတသနများကို မြန်မာပြည်တွင်းတွင် ထိရောက်ကျယ်ပြ့ စနစ်ကျစွာလုပ်ဆောင်နိုင်ခြင်းမရှိသဖြင့် ထိုသို့ တဆင့်ခံနည်းဖြင့် လေ့လာရခြင်းဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် အသည်းရောင်အသားဝါရောဂါကို ကိုင်တွယ်ဖြေရှင်းရန် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ 

WHO မှ HAV ကာကွယ်ဆေး တကြိမ် သို့မဟုတ် နှစ်ကြိမ်ထိုးထားကြရန် အကြံပြုထားသည်။ 

အသည်းရောင်အသားဝါ (အေ) ကာကွယ်နည်း

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သူများအနေဖြင့် တကိုယ်ရေသန့်ရှင်းမှု၊ အစားအသောက်သန့်ရှင်းမှုနှင့် ရေသန့်တို့ကို ဂရုပြုသင့်သည်။

ခရီးသွားများသည် ယခင်က ကာကွယ်ဆေးမထိုးရသေးပါက အသည်းရောင်အသားဝါ A ကာကွယ်ဆေး ထိုးသင့်သည်။

ကျိုချက်ထားသော သို့မဟုတ် ရေသန့်ဗူးကိုသာ သောက်သင့်သည်။

အစိမ်း သို့မဟုတ် မကျက်သေးသော အစားအစာများကို ရှောင်သင့်သည်။

အသည်းရောင်အသားဝါ (အေ) သည် ဖွံ့ဖြိုးမှုနည်းသေးသည့် တိုင်းပြည်များတွင် အဖြစ်များသည်။

မြန်မာပြည်တွင်း၊ ပြည်ပမှာနေထိုင်သူတွေ အသည်းရောင် အေ၊ ဘီ၊ စီ ဘေးမှ ကင်းဝေးကြပါစေသတည်း။

Hepatitis A! - YouTube

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ