Tapeworm (Cestode) တိပ်ပြားပုံ သန်ကောင်
၁။ မင်္ဂလာပါဆရာ အဲ့ဒါ ဖြစ်နိုင်ပါ့မလားဆရာ ဆရာအားတဲ့အခါဖြေပေးပါအုံး ဆရာ့ ပြန်စာလေး မျှော်နေပါ့မယ် လေးစားစွာဖြင့်
မေးခွန်းနဲ့ တွဲပို့တဲ့ပုံက အတုဖြစ်ပါတယ်။ လူတွေကို ဖြဲခြောက်တဲ့ ပညာပေးစာသာဖြစ်တယ်။ မလုပ်ရပါ။ မလုပ်ကောင်းပါ။
ပို့တဲ့ပုံအတုကို မတင်တော့ပါ။ လူအများစုက အတု၊ အလိမ်၊ အညာဆိုရင် အလွန်သဘောကျကြတယ်။ တယောက်ပြီးတယောက်က လိုက်တင်ကြ ပို့ကြတယ်။ မြန်မာပြည်မှာ။
Helminths သန်ကောင်တွေ
၂။ ဆရာရှင့် ကျမအမျိုးသားနှင့် အငြင်းအခုံလေးတခု တင်ပြပါရစေ။ သူက သန်ကောင်သည် ကလေးခြေဖဝါးမှတဆင့် ဝင်ရောက် ကူးစက်နိုင်တယ်ဆိုပြီး ငြင်းခုံကြပါတယ်ရှင့်။ ကျမသိထားတာက ပါးစပ်မှတဆင့်သာ ကူးစက်သည်ဟု သိထားပါသည်။ ဆရာပြန်လည်ဖြေကြားပေးပါရှင့်။
Worm သန်ကောင်တွေကို Helminths လို့လည်းခေါ်တယ်။ ပါရာဆိုက်တွေဖြစ်တယ်။
Roundworms သန်လုံးကောင် ခေါ် တီကောင်နဲ့တူတဲ့ သန်ကောင်။ အများဆုံးဖြစ်တယ်။ အပူပိုင်းဒေသတွေမှာ အများဆုံး တွေ့ရတာကို Ascaris lumbricoides လို့ခေါ်တယ်။
Ascariasis သန်လုံးကောင်၊ Pinworm ခေါ် Enterobiasis ပင်အပ်ပုံသန်ကောင်၊ Hookworm ချိတ်ပုံကောင်၊ Trichuiasis ဝမ်းပျက်စေတဲ့သန်ကာင်တွေက စအိုကနေထွက်ပြီး သန်ဥက ပါးစပ်ထဲကို နည်းတမျိုးမျိုးနဲ့ ဝင်တယ်။
Strongyloides အရေပြားကတဆင့် ဝင်တယ်။ လိင်တူဆက်ဆံတဲ့ ယောက်ျားတွေ ကူးစက်နိုင်တယ်။
Neurocysticercosis အာရုံကြောထဲရောက်နိုင်တဲ့ သန်ကောင်။
Tapeworm (Cestode), Echinococcosis တိပ်ပြားပုံ သန်ကောင်
အသားတွေ အထူးသဖြင့် ဝက်သားကို အပူချိန် ပြည့်အောင် မချက်လို့ဝင်တယ်။
Fluke worms အဆုပ်သန်ကောင်က တိရစ္ဆာန်တွေမှာအဖြစ်များတယ်။ Crawfish ငါးအစိမ်းစားသူတွေမှာ ဖြစ်တယ်။ Shellfish ငါးအမျိုးအစားတွေက ဒီသန်ကောက်တွေရဲ့ နေအိမ်လို ဖြစ်တယ်။
Whipworm ကြာပွတ်နဲ့တူတယ်။ Trichuris trichiura လို့ခေါ်တယ်။ အဲတာရယ် hookworm နဲ့ Ascaris တွေကို Soil-transmitted helminths မြေကြီးကတဆင့်ကူးတဲ့ သန်ကောင်တွေလို့ ခေါ်တယ်။
Filarial worms ဆင်ခြေထောက်သန်ကောင်ကို Wuchereria bancrofti နဲ့ Onchocerca volvulus လို့ခေါ်တယ်။
Acanthamoeba keratis နဲ့ Loiasis Loa loa တွေက အရေပြားနဲ့ မျက်စိထဲဝင်တယ်။ အာဖရိကမှာသာဖြစ်တယ်။
Tapeworm တိပ်ပြားပုံသန်ကောင်
အစိမ်း သို့မဟုတ် မကျက်သေးသော အမဲသား၊ ဝက်သား သို့မဟုတ် သန်ကောင်ပိုးရှိသော ငါးများကို စားသုံးခြင်း။
သို့မဟုတ်
တိပ်ပြားပုံသန်ကောင်ဥပါရှိသော မစင်နှင့် ထိတွေ့ပါ။ လူများသုံးရေချိုးခန်းသုံးပြီးနောက် လက်ကိုဆေးကြောခြင်းမပြုပါက အခြားသူများထံသို့ တိပ်ပြားပုံသန်ကောင်ဥများ ကူးစက်နိုင်သည်။ မစင်ရှိ သန်ကောင်ဥများသည် အစာထဲသို့ သို့မဟုတ် တံခါးလက်ကိုင်များကဲ့သို့ မျက်နှာပြင်များပေါ်သို့ ပျံ့နှံ့သွားနိုင်သည်။
အကာအကွယ်
အထူးသဖြင့် ရေချိုးခန်းသုံးပြီးနောက်နှင့် အစားအစာကို မကိုင်တွယ်မီ လက်ကို ဆပ်ပြာနှင့် ရေနွေးနွေးဖြင့် မကြာခဏ ဆေးကြောပါ။
ကလေးတွေကို ဒီလိုပဲ သင်ပေးပါ။
အသားကို အလယ်ဗဟိုသည် ပန်းရောင်မရှိတော့သည့်တိုင်အောင် ချက်ပါ။
ငါးကို ခဲသွားသည်အထိ ချက်ပြီး ခက်ရင်းခွဖြင့် ခွဲလိုက်သောအခါတွင် အရွက်များ ပြုတ်ပါ။
မချက်ပြုတ်မီ ၂၄ နာရီကြာအောင် အေးခဲထားပါ။
တိပ်ပြားပုံသန်ကောင်အတွက် praziquantel သို့မဟုတ် albendazole စာဆေးကို တကြိမ်တည်းပေးတာနဲ့ ပျောက်မယ်။
Praziquantel Tablet Exporter and Manufacturer from Gujarat, India
ဒေါက်တာတင့်ဆွေ
Comments
Post a Comment