Verapamil ဆေး

ဆရာ မဂ်လာပါ ယောက်ျားလေး အသက် ၂၈ ပါ အိမ်ထောင်ရှိပါတယ် ကလေးမရှိပါ စားသောက်ဆိုင်မှာအလုပ်လုပ်ပါတယ် ကျန်းမာပါတယ် ဘာရောဂါမှမရှိပါ ထမင်းစားပြီး ၅ မိနစ် အကြာမှာ ရုတ်တရက်နှလုံးခုန်လာလို ဆေးရုံသွားတာ နှလုံးခုန်နှုန်း 200 ရှိပါတယ် ဆေးငါးလုံးသွင်းပြီး နှလုံးပုံမှန်ဖြစ်တော့ ICUထဲမှာ တရက်ခွဲ စိတ်ချရအောင်စောင့်ကြည့်ရမယ်ဆိုလို့ နေရပါတယ် ခုစိတ်ချရလို့အိမ်ပြန်ရောက်ပြီး နဲနဲမောမောနေလို့ပါဆရာ နှလုံးခုန်းနှုန်းကလဲ 76 ပါဆရာ နာခြင်း အောင့်ခြင်းတော့ မရှိပါဘူး စိုးရိမ်ရလားဆရာရှင့် Verapamil HCL 40mg တနေ့ နှစ်လုံး တပတ်စာပေးလိုက်ပါယ်။

Verapamil သည် Calcium channel blockers ဟုခေါ်သော ဆေးအမျိုးအစားဖြစ်သည်။ ၎င်းသည် သွေးကြောများကို ပြေလျော့စေခြင်းဖြင့် သွေးကို ပိုမိုလွယ်ကူစွာ စီးဆင်းစေပါသည်။

Verapamil ကို သွေးတိုးရောဂါအတွက် အသုံးပြုသည်။ သွေးဖိအားလျှော့ချပေးခြင်းသည် လေဖြတ်ခြင်း၊ နှလုံးရောဂါနှင့် ကျောက်ကပ်ဆိုင်ရာ ပြဿနာများကို ကာကွယ်ပေးသည်။ 

ရင်ဘတ်အောင့်ခြင်း (angina) ကို ကာကွယ်ရန်အတွက်လည်း အသုံးပြုပါသည်။ နှလုံးခုန်နှုန်းမြန်/မမှန် (ဥပမာ atrial fibrillation) ရှိပါက နှလုံးခုန်နှုန်းကို ထိန်းချုပ်ရန်အတွက်လည်း Verapamil ကို အသုံးပြုပါသည်။ ၎င်းသည် နှလုံးခုန်နှုန်းကို လျော့ကျစေပြီး သက်တောင့်သက်သာရှိစေရန်နှင့် လေ့ကျင့်ခန်းလုပ်နိုင်စွမ်းကို တိုးမြှင့်ပေးသည်။

နှလုံးခုန်နှုန်းဆိုတာ အမြဲပြောင်းလဲနေတယ်။ ကိုယ်တိုင် လက်ကောက်ဝတ်၊ လက်မအထက်နားကနေ စမ်းနည်းကိုလည်း သုံးနိုင်တယ်။ စက်လည်းသုံးနိုင်တယ်။ စက်တိုင်းကတော့ မတိကျပါ။ ဖုန်းကနေလည်း မတိကျတတ်ပါ။

စာရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။

ISOPTIN Verapamil Hydrochloride 40mg Film-Coated Tablet 100's price in the Philippines | MedsGo

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ