Warm skin အရေပြား ပူနေခြင်း

ဆရာရှင့် သမီး ခန္ဓာကိုယ်ကလေ အရမ်းပူတယ် သူငယ်ချင်းတွေ မိသားစုဝင်တွေနဲ့ နီးနီးကပ်ကပ်နေလို့အဆင်မပြေဘူး အသားက ပူခြစ်နေတာ ပြီးတော့ တချိန်လုံးအဲ့လိုပဲ အရင်ကတော့ သတိမထားမိပေမယ့် အခုဆို ပြောဆိုလာကြတာများလို့ ပါ ဆရာ အဲ့လိုအသားပူတာက ပုံမှန်ပဲလား ဆရာ

သမီးဆိုသူ အသက် မသိ။ အမျိုးသမီးတိုင်းနဲ့သက်ဆိုင်တဲ့ လစဉ်ရာသီ၊ အိမ်ထောင်ရေး (ကန်တော့)  မသိ။

အသက်က ၂၄၊ အိမ်ထောင်မရှိ ရာသီက ပုံမှန်တော့ လာပေမယ့် တစ်ပတ်(တပတ်)နှစ်ပတ်နောက်ကျတာမျိုးဖြစ်တယ်ဆရာ။

Warm skin အရေပြား ပူနေခြင်း

အကြောင်းအမျိုးမျိုးကြောင့် ဖြစ်စေနိုင်တယ်။

Infection ပိုးတမျိုးမျိုးဝင်လို့ ဖျားခြင်း

Medications ဆေးတခုခုကြောင့်။ antibiotics, antipsychotics, and anesthesia medications ဆေးများ။

Environmental factors ပတ်ဝန်းကျင်။

Physical activity ကိုယ်လက်လှုပ်ရှားမှုများခြင်း။

Skin reactions အရေပြားပိုးဝင်ခြင်း။

Chronic conditions နာတာရှည်ရောဂါများ။ rheumatoid arthritis, Crohn's disease, or psoriasis ရောဂါများ။

Anxiety စိုးရိမစိတ်လွန်ကဲခြင်း။

Food and drink အစားအသောက်။ caffeine, alcohol, or spicy foods များ။

Heat Intolerance Symptoms အပူမခံနိုင်ခြင်း http://dr-tint-swe.blogspot.com/2024/04/heat-intolerance-symptoms.html

Warm skin

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ